Part - 13

3.4K 224 7
                                        

Unicode

''Kim Taehyung!!''

ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ ဂျိမ်းခနဲ ကျယ်လောင်စွာ ကြားလိုက်ရသော ခပ်နက်နက် အော်ခေါ်သံကြောင့် Taehyung ကိုယ်လေး ဆတ်ခနဲ တုန်တက်သွားသည်

Jungkook ရဲ့ အသံရော ခြေလှမ်းတွေကပါ အလောတလျင်လိုနေပြီး အနက်ရောင်တောက်နေသည့် မျက်ဝန်းတွေထဲမှာ အငွေ့အသက်တစ်ခုရှိနေသည်

ခပ်ကြီးကြီး ဘွတ်ဖိနပ်အနက်ရောင်ကို ဝတ်ထား၍ လျှောက်လှမ်းလာသော ခြေလှမ်းတွေက အားပါနေပြီး ကြောက်ဖို့ကောင်းသည့်အပြင်ကို တစ်ပြိုင်တည်းမှာပင် ညှို့အားပြင်းလွန်းသည့် ဆွဲဆောင်မှုတစ်ခုကလည်း ရှိနေပြန်သည်

''ကိုကို..''

အသံလာရာအရပ်သို့ ကိုယ်လေးကိုလှည့်ကာ ဘာဖြစ်လို့လဲ ဒီလောက်အော်ရတာလဲဆိုပြီး နားမလည်ဖြစ်နေသည့်ပုံလေးနှင့် မျက်တောင်လေးတွေက ပုတ်ခတ်ပုတ်ခတ်ရယ်

ခေါင်းထဲမှာတော့ ကိုကိုဘာဖြစ်လာတာလဲဆိုပြီး အသည်းအသန်တွေးတောနေပြီး တစ်ခါမှ ဒီလောက်ထိ အော်ခံမထိဘူးတာကြောင့် လန့်လည်းလန့်နေသည်

"ကိုယ် မင်းနဲ့မတွေ့ရတာ နာရီပိုင်းလေးပါ.. မင်း ခေါင်းပေါ်က ဆံပင်တွေက ဘာဖြစ်လာတာလဲ''

ကျောချမ်းချင်စရာကောင်းသည့် အကြည့်တွေနဲ့ အပေါ်စီးကနေ စူးစိုက်ကြည့်ရင်း ဆံပင်ကို မေးဆတ်ပြပြီး ခပ်လောလောမေးတော့ ပြဿနာ၏ အရင်းအမြစ်ကို အခုမှသိသွားသည့်ဟန်ဖြင့် Taehyung က ဪဆိုပြီး ခေါင်းလေးကို ခပ်ဆဆညိတ်လိုက်ရင်း သက်ပြင်းသေးသေးလေးတစ်ချက် မသိမသာချသည်

ကိုကို့ကို ကြိုတင်မပြောဘဲ ဆံပင်အရောင်ပြောင်းလိုက်မိသည့် အမှုက ဒီလောက်ထိတောင်ကြီးသွားတာလား

တကယ်က ဒီလိုမျိုးလုပ်ဖို့အစဉ်အစဉ်မရှိပါဘူး မနက်က Jimin က သူဆံပင်သွားလုပ်မှာဆိုပြီးခေါ်တော့ အားနေတာနဲ့ လိုက်သွားဖြစ်သွားတာ

ဟိုရောက်တော့ Jimin က သူဆံပင်ကို အသစ်အဆန်းဖြစ်အောင် ပန်းရောင်ဆိုးမှာဆိုပြီး ပြောလာသည်

ဘာလုပ်လုပ် အတူတူလုပ်ဖြစ်တာများတာကြောင့် ဒီတစ်ခါလည်း သူနဲ့အတူတူ ဆံပင်အရောင်လိုက်ပြောင်းဖို့ မြူဆွယ်သည် အဲဒါနဲ့ပဲ အဆွယ်ကောင်းလို့ ပါသွားတာဖြစ်သည်

Cool Guy's BabyOù les histoires vivent. Découvrez maintenant