part 01

46.8K 918 20
                                    

ကျတော့် ထံပါးဝယ်(BL Fic)
အပိုင်း(၁)
မနေ့ညက ကျတော် သူ့ကို လိုက်တော့မည်ဟု ဆုံးဖြတ်ခဲ့ပြီးပြီ။ကျတော်က ကျတော် နေထိုင်သည့် ခြံဝန်းမကျဉ်း၊
မကျယ်လေး၏ ရှေ့မှာ စိုက်ထားသည့် ပန်းပင်လေးတွေကို မနက်ခင်းတိုင်း ရေလောင်းနေကျဖြစ်သည်။

ကျတော့်ခြံထဲ၌ တထပ်တိုက် ပုပုလေးနှင့် ရေကူးကန် ကျဉ်းရှည်ရှည်လေးတခု ပါသည်။တထပ်တိုက်လေး၏ ဘေးတွဲ၌ ကားဂိုထောင်လေး တခုလည်း ပါသည်။

ကျတော်နှင့် အတူနေထိုင်သူဆိုလို့ ကျတော့်ကို နေ့တိုင်း ချက်ပြုတ်ကျွေးမွေးနေသည့် အမေတယောက်သာ ရှိသည်။ကျတော်တို့ ဘဝလေးက အမေတခု၊သားတခု သာ ရှိသည်။

ကျတော်က အချစ်စာ‌ေပ တွေရေးသည့်
ဝတ္ထုရေးဆရာလည်း ဖြစ်သလို မြန်မာစာ သင်ပေးသည့် ပြင်ပ ဆရာ တယောက်လည်း ဖြစ်ပါသည်။

မနက်ဆို အမေက သူပြောချင်သည့် အကြောင်းအရာပေါင်းစုံကို ကျတော့်အား ရင်ဖွင့်ရင်း မနက်စာ ပြင်ဆင်နေတတ်သည်။ကျတော်ကတော့ ခြံလေး၏
ရှေ့ပိုင်း၌ ပြုစုပျိုးထောင်ထားသော ပန်းခြံလေးကို ရေလောင်း၊ပေါင်းသင်၊မြေဆွ၊အပင်အသစ်တွေ ပျိုး စတာတွေ လုပ်တတ်သည်မှာ ဟိုးအရင်ကတည်းက ကျတော်တို့ သားအမိ၏ လုပ်ရိုး၊လုပ်စဉ်ပင် ဖြစ်သည်။

ကျတော်တို့က ပြေပြေလည်လည် နေထိုင်စားသောက်နိုင်သည်က လွဲလို့ သိပ်ချမ်းသာသည့် လူတန်းစား မဟုတ်တာကြောင့် အိမ်မှု ကိစ္စကိုလည်း ကျတော်တို့ဘာသာ ခွဲဝေပြီး လုပ်ကြရသည်။အချိန်ပိုင်း အလုပ်သမား၊ ဘာညာ မထားနိုင်၊မငှားနိုင်ကြပေ။

အဲ့ဒီ ပန်းခြံလေးမှာ တကုပ်ကုပ် အလုပ်ရှုပ်နေတတ်သည့် ကျတော်၏ နံနက်ခင်းတွေထဲသို့ သူက တဖြည်းဖြည်းနှင့် တိုးဝင် လာလေသည်။

သူက ဖြောင့်ဖြောင့်မတ်မတ် နှင့် လမ်းလျှောက်တတ်သည့် အရပ်ရှည်ရှည် ခန္ဓာကိုယ် ပြေပြေပြစ်ပြစ် နှင့် အသားခပ်လတ်လတ် ရှိသူဖြစ်သည်။သူ့၌ ထင်ရှားသော ဆွဲဆောင်မှုဟူသည် သန့်ပြန့်နေခြင်းပင် ဖြစ်သည်။

သူက ဘာအလုပ်လုပ်လဲ? ဆိုတာကိုမသိသလို၊သူက ဘယ်အရပ်ဒေသကနေ လာနေနေသည့် လူဆိုတာကိုလည်း ကျတော်သေချာမသိပေ။ဒါပေမယ့် နေ့စဉ်၊နေ့တိုင်း ကျတော့်အိမ်ရှေ့ကနေ အိတ်တလုံးကို ဆွဲကာ အလုပ်သွားတတ်သည့် သူ့ကို ကျတော် သတိထားမိလာရသည်။
ထို့နောက်တွင်တော့ ကျတော်တိတ်တခိုးစောင့်ကြည့်လာတတ်လေသည်။

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now