part 15

6.6K 272 10
                                    

ကျတော့်ထံပါးဝယ်
အပိုင်း(၁၅)
ချစ်သူရှိနေပြီဆိုတဲ့ အသိနဲ့နိုးထလာတဲ့ မနက်ခင်းက ခါတိုင်း မနက်ခင်းတွေနှင့် မတူပဲ ပိုပြီး လှသည်။
အိပ်ရာကနိုးလာသည်နှင့် တပြိုင်နက် မြူးပျံ၊ရွှင်ပျနေသည့် ကျတော့်ကို အမေမြင်နေရပေလိမ့်မည်။

မျက်နှာသစ်ပြီး ရေချိုးတာက အစ သန့်စင်ခန်းသုံးတာ အဆုံး သီချင်းလေး တကြော်ကြော် အော်ဆို နေမိလေသည်။
အမေနှင့် အတူ မနက်စာ စားတော့လည်း အဲ့ဒီလိုပါပဲ ရွှင်ပျနေလေသည်။

သစ်ပင်တွေကို ရေလောင်းနေရင်းကမှ တွေးမိသည်။ ကျတော် ဒီလောက် ရွှင်မြူးနေတာကို အမေလည်း ရိပ်မိနေပေလိမ့်မည်။သို့သော် အမေက သူ့ကို ဘာမှ မပြောသေးသည့် သားကိုလည်း ချိုသည်၊ခါးသည်ဟူ၍ ဘာမှ မ ‌ေြပာချေ။ကျတော်ကသာ ကျတော့်ဘာသာ တွေး၊တွေး ပြီး ရှက်နေမိသည်။

မနေ့ညက ဦးလေးကြီးကိုကြည့်ကာ
ကျတော်လည်း ဦးလေးကို ချစ်တယ်လို့ ပြောလိုက်တော့ ကားပေါ်ကနေ ချက်ချင်းဆင်းချလာပြီး ကျတော့်လက်နှစ်ဖက်ကို ကိုင်လိုက်သည့် ဦးလေးကြီးကြောင့် ကျတော့်ရင်တွေ ပရမ်းပတာ ခုန်သွားရသည်။

ဦးလေးကြီး၏ အနံ့က မွှေးနေသည်။
အကောင်းစား ရနံ့တွေ မွှေးနေတာလေးကပင် ဦးလေးကြီးကို အထင်တကြီးဖြစ်သွားစေသည်။ဦးလေးကြီးကို အထင်ကြီးပြီး ချစ်မိတာ မဟုတ်ပေမယ့် ကိုယ်ချစ်ရသည့် လူတယောက်က အထင်ကြီးစရာ ဖြစ်နေခြင်းက ကောင်းသည်ဟု ထင်မိသည်။

"သားရေ ဖုန်းလာတယ်ဟေ့"

ပုံမှန်ဆို ကျတော့်ဆီ ကို ခွင့်တိုင်ချင်သည့် ကျောင်းသားမိဘကသာ ဖုန်းဆက်လေ့ရှိသည်။အခုတော့ ဦးလေးကြီးကများ ဆက်လေသလား ဆိုသည့် အတွေးကြောင့် တီဗီတင်သည့် စားပွဲလေးပေါ်မှာ တင်ထားသည့် ဖုန်းရှိရာသို့ အပြေးကလေး လှမ်းလာခဲ့လေသည်။

"ဖြည်းဖြည်းလာပါ။ဖြည်းဖြည်းလာ
။လဲမယ် ငါ့သားရဲ့"

အခန်းကလေးထဲကို တံမြက်စည်း လှည်းနေသည့် အမေက လှမ်းပြောလေသည်။

"ဟယ်လို"

"ဟယ်လို နေကြာပန်းလေး"

တကယ်ပဲ ဦးလေးကြီးဆီက ဖုန်းဖြစ်နေသည်။မနက်ခင်း အစောကို ဖုန်းလှမ်းခေါ်လိုက်တာပေါ့။ကျတော့်ကို သတိရလို့လား ဟင်?။ကျတော်လည်း ခုလေးတင်ပဲ ဦးလေးကြီး ကိုသတိတွေရနေမိတာ။ဦးလေးကြီး၏ နေကြာပန်းလေး ဆိုသည့် အသံလေးက ကျတော့်နားထဲ၌ ချိုမြနေလေသည်။

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now