part 06

7.5K 319 0
                                    

ကျတော့်ထံပါးဝယ်
အပိုင်း(၆)
ဒီနေ့မနက်ကို ကျတော် အစောကြီး နိုးနေသည်။ခြံထောင့်မှာ ကြီးထွားနေသည့် တမာပင်ကြီး၏ အကိုင်းပေါ်မှာ ငှက်ကလေးတွေ၏ အသံကို ကြားရသည်။ကျတော့် အခန်းလေး၏ မှန်ပြပေါက်အနီးကို ရပ်ကာ ခန်းဆီးလိုက်ကာလေးကို ဘေးသို့ကပ်လိုက်သည်။

ဟော သေချာလှမ်းမြင်နေရပါပြီ တမာပင်ကြီးရယ်၊ငှက်ကလေးတွေရယ်၊ဓာတ်မီးကြိုးလေးတွေက တဆင့် ရောက်ရောက်လာတတ်သည့် အမြီးစုတ်ဖွားနှင့် ချစ်စရာကောင်းသည့် ရှဉ့်ကလေးတွေကိုတောင် တကောင်စ၊နှစ်ကောင်စ မြင်တွေ့ရသေးသည်။

ဟိုးအဝေးကို လှမ်းကြည့် လိုက်တော့ ပုံစံ အမျိုးမျိုး ဖန်ဆင်းထားသည့် တိမ်ဆိုင် ဖြူဖြူလေးတွေကို လှမ်းမြင်ရလေသည်။

ပြတင်းတံခါးပေါက်ကို ဖွင့်လိုက်သည်။လေညင်း လေးက ပြတင်းပေါက်မှ တဆင့် ကျတော့်ဆီသို့ တိုးဝင်လာလေသည်။သဘာဝ ပတ်ဝန်းကျင်၏ အလှအပလေးတွေကြောင့် စိတ်ကြည်နူးကာ ရွှင်လန်းသွားရလေသည်။

"သူဌေးတွေ သောက်တဲ့ ကော်ဖီဆိုတော့လည်း အရသာ ရှိလိုက်တာဟယ်"

ညနေက ကော်ဖီဘူးလေးကို သောက်ကာ အမေက ချီးကျူးပြောဆိုနေသည်ကို ပြန်ကြားယောင်မိသည်။

"အမေကြိုက်ရင် တခါတလေတော့ သားဝယ်တိုက်နိုင်ပါတယ် အမေရဲ့"

ထမင်းစားစားပွဲဝိုင်းလေးမှာ ထိုင်ကာ ကျတော့်ကို ကြည့်ပြီး အမေက နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသေးသည်။

"ဒါပေမယ့်လေ ငါ့သားရဲ့
ငါ့သား အမေ့အတွက် အမြဲဝယ်ဝယ်လာပေးတဲ့ ကော်ဖီ အစစ်မှုန့်ထုပ်လေးတွေကိုပဲ အမေပိုကြိုက်ပါတယ် သားရယ်။
ဒါမျိုးတွေ နောက်ဝယ်မလာပါနဲ့
အရသာ အသစ်အဆန်းတွေ စမ်းပြီး စားရသောက်ရအောင် အမေက အသက်ကြီးနေပါပြီလေ"

ဘဝမှာ သူမ ချစ်သည့် ယောက်ျားတယောက်အတွက် နှစ်ပတ်လည် ဆွမ်းချိုင့်ပို့ရန် ချက်ရ၊ပြုတ်ရသည်ကို အမေကအနှစ်သက်ဆုံးဖြစ်သည်။

သူမ ချစ်ရသည့် တဦးတည်းသော သားကို ချက်ပြုတ် ကျွေးမွေးခွင့်ရသည်ကို ဂုဏ်အယူဆုံး ဖြစ်ပြီး၊ မုန့်တွေ လုပ်ရသည်ကိုလည်း ပျော်နေတတ်သော ရိုးရှင်းသည့် အမျိုးသမီးတယောက်ဖြစ်သည်။

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now