part 22

5.8K 216 0
                                    

ကျတော့်ထံပါးဝယ်(BL Fic)
အပိုင်း(၂၂)

ဒီနေ့ မနက် ကျတော် အိပ်ရာကနိုးလာတော့ နေမြင့်နေပြီ။ညက စာရေးတာဈာန်ဝင်သွားတာနှင့် နာရီကို မကြည့်မိချေ။ဦးလေးကြီးက ညဝတ် အင်္ကျီကို ဝတ်ထားပြီး ကျတော်စာရေးနေတာကို လာလာကြည့်နေတာကိုတော့ မြင်ပေမယ့် စာရေးနေတဲ့ အရှိန်ကို မသတ်နိုင်ခဲ့ချေ။

နှစ်ခါ၊သုံးခါလောက် လာရပ်ကြည့်ပေမယ့် ဇွတ်တော့ ဆွဲမခေါ်တာမို့ စာကိုပဲ ဆက်ရေးနေမိသည်။ကျတော် အနားယူတော့မယ် ဆိုပြီး စာရေးစားပွဲက ထလာတော့ ည (၁)နာရီတောင် ကျော်နေချေပြီ။

ဦးလေးကြီး၏ အခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့လည်း အိပ်ပျော်နေပြီမို့ တိတ်တိတ်ကလေး ချဉ်းကပ်သွားကာ ဦးလေးကြီး၏ နံဘေးမှာ ဝင်ပြီး အိပ်‌လိုက်သည်။

အိပ်ချင်မူးတူး ကယောင်ကတမ်း နိုးလာပြီး ကျတော့်ကို သူ့လက်မောင်းထဲ ထည့်ကာ ချက်ချင်းပြန်အိပ်ပျော်သွားသည့် ဦးလေးကြီး၏ ရင်ခွင်ထဲ၌ နွေးနွေးထွေးထွေးလေး အိပ်ရာဝင်ခဲ့တာကို မှတ်မိသည်။

နေမြင့်မှ အိပ်ရာက ထလာတာကိုပင် ခေါင်းက သိပ်မကြည် ဖြစ်ရသည်။
တော်သေးသည် ဈာန်ဝင်ရင် ဝင်သလို စာတွေရေးနေသော ကျတော်က
အိပ်ရာအတူမဝင်လို့ စိတ်ဆိုး၊စိတ်ကောက်တတ်သော ယောက်ျားမျိုး နှင့်ဆို အဆင်ပြေလိမ့်မည် မထင်။

ဦးလေးကြီးက နားလည်ပေးတတ်တာလေးကိုပင် တန်ဖိုးထားပေးရမည်။

"အား ကျွတ်ကျွတ်"

အိပ်ရာထဲက ထကာ ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။ရေပါတခါတည်း ချိုးပစ်လိုက်မိသည်။ဒါမှ လူကလန်းသွားမည်ထင်သည်။

အင်း။ခုလောက်ဆိုရင်တော့ ဦးလေးကြီး လည်း သူအသစ်ဖန်တီးနေသော သစ်တောငယ်လေးဆီသို့ ရောက်နေရောပေါ့။မနက်စာ စားခါနီးမှ ဖုန်းဆက်ရမည်။လွမ်းသည်လေ။ညကလည်း ချစ်ကြည်နူးတာတွေ ဘာမှ မလုပ်ဖြစ်သလို၊နေ့လယ် နေ့ခင်းကျတော့လည်း အမေမလစ်တာနှင့် ဖက်တာ၊နမ်းတာလေးပင် လုပ်ခွင့်မရအောင် ဖြစ်နေရသည်။

အမေ့ကိုလည်း မပြောရက်သလို၊ဦးလေးကြီးကိုလည်း ချစ်သည်။တခါ၊တခါ ဦးလေးကြီး၏ ရင်ဘတ်ကြွက်သားတွေ၊လည်ဇလုတ်တွေ၊မေရိုးတွေ၊ရင့်ကျက်နွေးထွေးတဲ့ အပြုံးနုနုလေးတွေ၊အကြောတွေပေါ်နေသော လက်ကောက်ဝတ်များ ကိုမြင်လျှင် ကျတော့် စိတ်ကူးတွေလည်း ရိုင်းရသည်။

ကျွန်တော့်ထံပါးဝယ်(Complete)Donde viven las historias. Descúbrelo ahora