ကျတော့်ထံပါးဝယ်(BL)
အပိုင်း(၁၀)
ဒီနေ့က ဦးလေးကြီးနှင့်ကျတော်တို့ ချိန်းတွေ့တာ (၅)ရက်ေန့ ထိ ပြီးမြောက်သွားသည့် နေ့လေးပါပဲ။ဦးေလးကြီး က ေတာ့ သူ့ထုံးစံ အတိုင်း အိမ်ရှေ့ထိ ကားနှင့် လိုက်ပို့ပေးကာ အိမ်ထဲထိ ဝင်ပြီး အမေ့ကို နေ့တိုင်း နှုတ်ဆက်ေလ့ရိှသည်။ပြီးမှ သူ့အိမ်ကို ပြန်သွားလေ့ရှိသည်။ကျတော်ကသာ ခြေလှမ်းတွေ မှားကာ အပြုံးတွေ ကယောင်ကတမ်း ဖြစ်လာနေတာ အဲ့ဒီ ဦးလေးကြီးက တနေ့တမျိုး မရိုးရအောင် စမတ်ကျပြီး သန့်ချောလာသည်။နေ့တိုင်း အမေ့ကို ပန်းတွေပေးသည်။ပြီးတော့ နေ့တိုင်း ကျတော့်ကို လည်း ပန်းတွေ ပေးပြန်သည်။
နောက်ပြီးတော့ နေ့တိုင်းပင် ကျတော့်ကို အီတလီစာဆိုင်၊ဂျပန်စာဆိုင်၊ထိုင်းစာဆိုင်၊ကိုရီးယားစာဆိုင်၊အိန္ဒိယစာဆိုင်တွေ မှာ လိုက်ကျွေးသည်။
ကျတော် တခါမှ မစားဖူးတာတွေကိုတောင် စားတတ်အောင် သင်ပေးလေသည်။ပြီးရင်
"မင်းက ပန်းကလေးတွေနဲ့ လိုက်ဖက်လိုက်တာ""သာမာန်ရိုးရိုးလေး ဝတ်ထားတာတောင် မင်းလေးက ကြည့်လို့ကောင်းလိုက်တာ မျက်လုံးထဲကကို မထွက်ဘူး"
"တရက်ရက်တော့ ဦး မင်းကို ပီယာနို တီးပြချင်သေးတယ်၊သီချင်းတော့ မဆိုတတ်ဘူးနော်"
"တရက်ရက်တော့ ဦးနဲ့ အတူတူ ရုပ်ရှင် မကြည့်ချင်ဘူးလား?"
"ညဘက် ဆို ဘယ်အချိန်တွေ အားလည်း ဦး ဖုန်းခေါ်လို့ ရလား?"
ဆိုသည့် စကားမျိုးတွေ၊မေးခွန်းမျိုးတွေနှင့် အမြဲတမ်းလိုလို အီစီကလီတွေ ပြောတတ်ပြန်သေးသည်။
ကားပေါ်တက်ကာ ပြန်ထွက်သွားသော ဦးလေးကြီးကို အမေကတော့ သူ့ထုံးစံ အတိုင်း အိမ်မှာ လုပ်သည့်မြန်မာ မုန့်တွေ ထည့်ပေးလိုက်လေသည်။
ကျတော်ကတော့ အိမ်ထဲသို့ ဝင်နှင့်ပြီ။
ဦးလေးကြီး၏ ကိုယ်သင်းနံ့တို့က ကျတော့်နှာခေါင်းထဲ ထိ စွဲနေလေပြီ။
ဦးလေးကြီး၏ အသံတွေကိုလည်း အချိန်တိုင်း လိုလို ကြားယောင်နေမိသည်။
တည်တည်တံ့တံ့နေနေရာမှ တချက်၊တချက် ပြုံးလိုက်သည့် ဦးလေးကြီး၏ အပြုံးတွေကိုပဲ တရစ်ဝဲဝဲ မြင်ယောင်နေမိပြန်သည်။
YOU ARE READING
ကျွန်တော့်ထံပါးဝယ်(Complete)
Teen Fictionလူငယ် BL Fiction စာရေးဆရာလေး ပြည့်စုံစွမ်းနှင့် ဟိုတယ် ပိုင်ရှင်ကြီး ဦးတေဇာစည်သူ တို့၏ အချစ်ဇာတ်လမ်း၌ ပြည့်စုံစွမ်း ၏ အမေက အမွှေကလေး နည်းနည်းပါးပါး ဝင်ရောမွှေထားသည့် နူနူညံ့ညံ့ အချစ်ချိုချို ရိုရို BL Fiction လေးပါ။