part 11

6.3K 285 0
                                    

ကျတော့်ထံပါးဝယ်(BL)
အပိုင်း(၁၁)
အမြဲတမ်းလိုလို YBS ပဲ တိုးစီးတတ်တဲ့ ကျတော်က အခုတော့ လမ်းမပေါ်ရောက်ရောက်ချင်း တွေ့သည့် တက္ကစီ တစီးကို လှမ်းတားလိုက်သည်။
မှတ်မှတ်ရရ ဦးလေးကြီး ပြောပြထားဖူးသည့် လိပ်စာ ကို ပြောပြလိုက်သည်။

ကားပေါ်မှာ ထိုင်နေသည့် တလျှောက်လုံး၌လည်း ကျတော့်မှာ စကားမပြောနိုင် ဖြစ်ရသည်။တက္ကစီ ယာဉ်မောင်းဆရာ ဖွင့်ထားသည့် သီချင်းလေးကိုမှ နားမထောင်ဖြစ်ခဲ့ချေ။

ဦးလေးကြီးက ဘာကြောင့်များ ဖျားနာသွားရတာပါလိမ့်?။
ငါ့ဆီကို နေ့တိုင်း နေ့တိုင်း လာနေရလို့များ နေမကောင်းဖြစ်သွားတာလား?
နောက်ဆုံး ချိန်းတွေ့သည့် အခေါက်က စားခဲ့သည့် အစားတွေနှင့်များ မတည့်လို့လား?
အမေပြောခဲ့သလို ဦးလေးကြီးက နည်းနည်းတော့ အရွယ်ရနေပြီ အဲ့ဒါကြောင့်များလား?

လွယ်နေကျ ဘေးလွယ်အိတ်လေးကို ပိုက်ကာ အတွေးပေါင်းစုံနှင့် ငူငူငေါင်ငေါင်လေး လိုက်ပါလာသည့် ကျတော့်ပုံစံကိုများ ဦးလေး ကြီး မြင်ရင် ဘယ်လို ပြောပါလိမ့်မလဲ?

"မင်းက အဲ့ဒီလို ပုံစံလေးနဲ့လည်း ချစ်စရာလေးနော်"

လို့များ ပြောလေမလား ?အိုကွယ် စဉ်းစားကြည့်လိုက်တာနှင့်ပင် ရင်တွေ ခုန်ရသည်။ရင်ဘတ်ထဲ၌ လိပ်ပြာတွေ အကောင်တသန်းလောက် ပျံသန်းနေလေပြီလား?လို့ပင် တွေးမိတော့ ကိုယ့်ဘာသာကိုယ် ပြန်ရှက်ရသည်။

လက်စသတ်တော့ လူနာကို စိတ်ပူတာထက် တွေ့ချင်တာ ပိုများနေတာလား?ပြည့်စုံစွမ်းရယ်၊မင်း အဲ့ဒီလောက်တောင် ဖြစ်နေပြီလားရယ် လို့ ကိုယ့်ကိုယ့်ကိုယ် ပြန်မေးမိသည်။

"အကိုလေး ရောက်ပါပြီခင်ဗျ"

တက္ကစီ ယာဉ်မောင်းဆရာ၏ ပြောစကားကြောင့် အတွေးစပြတ်သွားရသည်။

"ဪ ဟုတ်ကဲ့ ခင်ဗျ"

တက္ကစီ ခ ပေးပြီးပြီးချင်း ဦးလေးကြီး၏ အိမ်အရှေ့ပိုင်း ကို မြင်လိုက်ရသည်နှင့် စိတ်လှုပ်ရှားလာရပြန်သည်။
ကျတော် လိုက်လာတာကိုသာ မြင်ရင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှာလား?
မလိုလားသည့် ဟန်ပန်တွေ ပြနေမလား?
တွေးပူရပြန်သည်။

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now