part 03

12.2K 433 0
                                    

ကျတော့်ထံပါးဝယ် (BL Fic)
အပိုင်း(၃)
ထိုဖြစ်ရပ် ဖြစ်ပြီးသည့် နောက်မှာ တပတ်လောက်တော့ ကျတော် အိမ်ထဲကနေ အိမ်အပြင်ကို မထွက်ဖြစ်ခဲ့ချေ။

ထိုနေ့က အတွင်းခံဘောင်းဘီ တထည်တည်း ဝတ်ထားကာ ကျတော်ပန်းခူးနေခဲ့တာကို အိမ်နားနီးချင်းတွေများ မြင်တွေ့သွားခဲ့လေသလား?

ဒါမှ မဟုတ် အိမ်ရှေ့က ဖြတ်လျှောက်သွားသူတိုင်း မြင်သွားကြလေသလား?
ဟိုဦးလေးကြီး အပြင် မဟုတ်မှလွဲရော ကျတော် ကြိတ်ပြီး သဘောကျနေခဲ့သည့် အမျိုးသားငယ်လေးရော မြင်သွားခဲ့လေသလား?လို့ တွေးကာ ၊တွေးမိတိုင်း ရှက်ရှက် သည်းသည်း ဖြစ်ရသည်။

ထိုသို့ ရှက်စရာ အတွေးနွံတောထဲ၌ သံသရာလည်ကာ အိမ်ထဲက အိမ်အပြင်ကိုလည်း (၂)ပတ်ကျော်ကျော်လောက် မထွက်ပဲ နေနေရတာ ကြာလာတော့ အပြင်သို့ ထွက်လာချင်ပြန်သည်။

ကျတော် သဘောကျသည့် အမျိုးသားငယ်လေးကိုလည်း ဘာမှ ရေရေရာရာ မလိုက်ရသေးချေပေ။

ဟော အခုလို အချိန်တော်တော်ကြာအောင် လူမြင်ကွင်းကနေ အနားယူ အဆက်ဖြတ်ကာ အိမ်တွင်းပုန်းနေရတာ ရိုးအီလာတော့လည်း နဂိုစိတ်က ပြန်ပေါ်လာလေသည်။

ဟုတ်သည် ဘာပဲဖြစ်ဖြစ် ကျတော် လိုက်မည်ဟု ဆုံးဖြတ်ထားသည့် အမျိုးသားငယ်လေးကို ကျတော် ပြန်လိုက်ရမည်။

အရင်တခါလို ဖြစ်မှာ စိုးရိမ်တာကြောင့် ဒီတခါတော့ ပန်းတွေ မပေးတော့ဘဲ တခြားနည်းလမ်းတွေပြောင်းသုံးပြီး လိုက်ရမည်ဟု ဆုံးဖြတ်ထားသည်လေ။

"အင်း....ဒီတခါကျ ဘယ်လို လိုက်ရမလဲ"?

"ပန်းတွေပဲ ပေးရမလား?"

ပန်းတွေပေးမည့်အကြောင်းကို စဉ်းစားမိတော့ ဟိုတနေ့က ဦးလေးကြီး အကြောင်းကို တွေးမိသွားသည်။

တွေးမိတာနှင့်ပင် ပါးတွေ၊နားတွေ ပူတက်လာအောင်ရှက်မိသည်။ဘယ်လို ဦးလေးကြီးပါလိမ့်။လူကို ပြုံးစေ့စေ့နှင့်ပင် ရပ်ကြည့်သွားသေးသည်။

"အာ မဟုတ်သေးပါဘူး။အဲ့ဒီ ဦးလေးကြီးအကြောင်း တွေးဖို့ မှ မဟုတ်တာ၊ဟိုတယောက်ကို ဒီတခါ ဘာပေးရရင်ကောင်းမလဲ?၊ "

ကျွန်တော့်ထံပါးဝယ်(Complete)Donde viven las historias. Descúbrelo ahora