part 23

6.1K 206 0
                                    

ကျတော့်ထံပါးဝယ်(BL Fiction)
အပိုင်း(၂၃)
ဒီနေ့
ကျတော် စာပြပြီး အိမ်ပြန်လာတော့ အနည်းငယ် စိမ်းသော မြင်ကွင်းကို မြင်ရသည်။ခြံထဲ၌ အမေက ဘုရားပန်းတွေ ညှပ်နေသည်။အမေ့နောက်ကနေ ပန်းတွေ တပွေ့၊တပိုက်ကြီး ကို ပွေ့ကာ တကောက်ကောက် လိုက်ပေးနေသူက အကိုကောင်း မဟုတ်ပဲ ဦးလေးကြီး ဖြစ်နေသည်။

မနက်တုန်းကတောင် သူ့သစ်တော ထဲမှာ ရှားပါး မျိုးရင်း အပင်တပင် စိုက်မှာမို့ အိမ်ကနေ အစောကြီး ထွက်သွားခဲ့တာ ကျတော် အိပ်ရာက ထတော့တောင် မတွေ့ရချေ။

အမေက ရှေ့ကနေ ပန်းတွေကို ညှပ်လိုက်၊ဦးလေးကြီးက နောက်ကနေ ပန်းတွေကို ယူကာ  သယ်ပေးလိုက်နှင့်ကြားထဲက စကားတွေလည်း ပြောနေကြသေးသည်။

ကျတော် အသာလေး သူတို့နှစ်ယောက်အနီးသို့ ချဉ်းကပ်သွားမိသည်။

"အမေ ဝါသနာပါတဲ့ ရိုးရာမုန့်လည်း လုပ်ရင်း ဝင်ငွေရှာတဲ့ အလုပ်လေးလည်း လုပ်ရမယ် ဆို အမေစိတ်ဝင်စားလားဟင်"?

ဦးလေးကြီး၏ စကားကြောင့် ကျတော်ပိုပြီး တိတ်ဆိတ်သွားမိသည်။စိတ်လည်း စိတ်ဝင်စားမိသွားသည်။ဘာများလုပ်မလို့ပါလိမ့်လို့လည်း တွေးမိသွားသည်။

"အိုကွယ်
ဘာပြောကောင်းမလဲ လုပ်ချင်တာပေါ့။ပိုက်ဆံ မကြိုက်တဲ့ လူရယ်လို့လည်း မရှိဘူးလေ"

အမေက ညှပ်ထားစ ပန်းခက်တခက်ကို ဦးလေးကြီးအား လှမ်းပေးရင်း ပြန်ဖြေသည်။မေးတဲ့သူနဲ့ ဖြေတဲ့သူကတော့ ညီနေတာပဲလို့ တွေးလိုက်မိသည်။

ကျတော်အသံမပေးသေးပဲ ဆက်ပြီး တိတ်တိတ်လေး နားထောင်နေမိသည်။
ခိုးပြီးနားထောင်တာရယ်လို့တော့ မဟုတ်ပါဘူး။ရိုးရိုးလေး စိတ်ဝင်စားမိတာရယ်ကြောင့်ပါ။

"အမေ က ရိုးရာမုန့်လုပ်တာ ကျွမ်းကျင်တယ်။ဒါပေမယ့် မုန့်လုပ်တဲ့ နေရာမှာ အထာကျကျ ၊အထက်တန်းကျကျ လုပ်တတ်မှ ပိုပြီး လူအထင်ကြီးပြီး သူဌေးကြိုက်ဖြစ်မှာ အမေရဲ့"

"အင်း အမေကတော့ တသက်လုံး လုပ်လာနေကျ ပုံစံနဲ့ပဲ လုပ်တတ်ပါတယ်လူလေးရယ်"

"ဒါများ အမေရယ် လွယ်လွယ်လေးရယ်။နှစ်ပတ်လောက် သင်တန်းတက်လိုက်ရင် ရိုးရာမုန့်ကို စတိုင်လ်ကျကျ လုပ်တတ်လာမှာ။အဲ့ဒီအခါကျ မုန့်တွေပဲ လုပ်ရောင်းရောင်း၊မုန့်လုပ်နည်း သင်တန်းပဲ ဖွင့်ဖွင့် အမေ့ဆီမှာ လက်ဖျားငွေသီးလာတော့မှာ"

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now