part 07

7K 333 18
                                    

ကျတော့်ထံပါးဝယ်
အပိုင်း(၇)
တကယ်ဆို ပန်းလေးတပွင့်လို လှတဲ့ အမျိုးသမီးငယ်လေးတယောက် ကိုယ့်ရှေ့မှာ ထိုင်နေတာ ကျတော် ကြည်နူးပြီး ပီတိဖြစ်နေရမှာပေါ့။ခုတော့ သူမ အစားစားနေတာကိုလည်း ကျတော့်မှာ ကြည့်မရသလို၊သူမက ကျတော့်အကြောင်း တီးခေါက်သမျှတွေကိုလည်း စပ်စုလွန်းတယ်လို့ ထင်နေမိပြန်သည်။

တကယ်ဆို မိန်းကလေးက အဲ့ဒီလောက်ထိလည်း ဘာအပြစ်မှ ပြောစရာ မရှိပါပဲနဲ့ ကျတော်ကကို မေတ္တာသက်ဝင်စိတ်မရှိတာ ဖြစ်သည်။စပြီး စားပွဲမှာ ထိုင်ကာစကတော့ စကားပြောရတာ ပျော်သလိုလို ရှိသည်။နောက် နည်းနည်း ကြာလာတော့ ငြီးငွေ့လာသည်။

ငြီး‌ငွေ့ရာကနေ သူမ ဘာလုပ်လုပ် စိတ်ထဲကနေ အပြစ်မြင်နေမိတာ ဖြစ်သည်။လူကဲခတ်တတ်သည့် မိန်းကလေးက

"ဦးကို ကြည့်ရတာ ကျမကို စိတ်မဝင်စားသလိုပဲ ကြည့်ရတာ လတ်တလော တွဲနေတဲ့ လူ ရှိနေတာလား?ဒါမှ မဟုတ် ဦး အကြိုက်က မိန်းကလေး မဟုတ်တာများလား?"

တကယ်ဆို သူမ ပြောသည့် အချက်နှစ်ချက်လုံးနှင့် ကျတော်က ငြိစွန်းနေပါသည်။

လတ်တလော တွဲနေသည့် လူ မရှိပေမယ့် လတ်တလောစွဲလန်းနေသည့် လူတယောက်ရှိသည်။ပြီးတော့ ကျတော်စွဲ
လမ်း နေမိသူက မိန်းကလေးလည်း မဟုတ်ပေ။

ဘာမှပြန်မပြောပဲ တံတွေးနင်နေသည့် ကျတော့်ကိုကြည့်ကာ မိန်းကလေးက ပြုံးနေသည်။

"ဘာပဲ ဖြစ်ဖြစ် လိုလေသေးမရှိအောင် ဧည့်ခံပေးလို့ ကျေးဇူးတင်ပါတယ်"

လို့ ပြောသွားလို့သာ တော်တော့သည်။

..........
ဒုတိယ အမျိုးသမီးငယ်လေးက တော်တော် ပွင့်ပွင့်လင်းလင်း ရှိပုံရသည်။ချစ်လည်း ချစ်စရာပင်

ဝတ်စားထားတာကလည်း ရှုပ်ရှက်ခတ်နေသည်။
"ခန္ဒာကိုယ် ပြုပြင်ထားတဲ့ မိန်းကလေးတွေကို မြင်ရင် ဦး ဘယ်လို ခံစားရလဲ?"

ထင်မှတ်မထားသည့် မေးခွန်းမို့ ကျတော် ရုတ်တရက် ဘာကို ပြန်ဖြေရမယ် မသိဖြစ်ရသည်။

"ဘယ်လိုမှ ထူးခြားပြီး မခံစားရပါဘူး။ခုခေတ်မှာ မိန်းကလေး တချို့က ဒီလိုပဲပြုပြင်တတ်ကြတာပဲလေ"

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now