ကျတော့်ထံပါးဝယ်(BL Fiction)
အပိုင်း(၂၅)ဇာတ်သိမ်းပိုင်း
ကျတော်နှင့် အမေ တို့ နေခဲ့ဖူးသည့် ခြံလေးကို ပြန်ပြီး အလှဆင်နေသည့် နေ့ဖြစ်သည်။
ကျတော်တို့၏ တစ်ထပ်တိုက်အိမ်ကလေးကိုလည်း ဆေးအသစ်သုတ်တာ၊အခန်းဖွဲ့တွေ ပြန်ပြင်တာ ၊လိုအပ်သည့် စားပွဲရှည်များ ၊ထိုင်ခုံများ ၊နောက်ခံအလှဆင်ယင်မှုများ ကိုပါ ထပ်ထည့်သည်။
ကိုယ်တိုင်လုပ်စရာ မလိုအပ်ပဲ အိမ်အလှဆင်သည့် ကုမ္ပဏီက လာပြီး လုပ်ပေးတာပေမယ့် အမေက သူတို့ အလုပ်လုပ်တာကို ကြည့်ချင်တာရော၊အဖေနှင့် အတူနေထိုင်ခဲ့သည့် သယ့အိမ်ကလေးကို ပြန်လွမ်းလို့ရော ခြံထဲက ခုံဝိုင်းလေးမှာ ထိုင်ရင်း ငေးမောနေလေသည်။"သင်တန်းဆရာမကြီး ဘယ်လိုလဲ ပျော်ရဲ့လားဟင်"?
ကျတော်က စစ၊နောက်နောက်နှင့် အမေ့ကို သင်တန်းဆရာမကြီးဟု ခေါ်ကာ ပျော်ရဲ့လား?လို့ မေးပေမယ့် သိပ်ပြီးပျော်ဟန်တော့ မပေါက်ပေ။
အေးလေ ဒီလို အချိန်မျိုးမှာ အဖေ့ကို သူ့အနား ရှိနေစေ့ချင်မှာပေါ့။လွမ်းနေမှာပေါ့။အကြာကြီး အတူတူ ရှိနေကြရအောင်ဆိုပြီး မိသားစုဘဝလေး ထူထောင်ခဲ့ပေမယ့် ကျတော့်ကို မွေးပြီး သိပ်မကြာခင်မှာပင် အဖေက ဆုံးပါးသွားခဲ့သည်လေ။
သူတယောက်တည်း ခွန်အားလေးနှင့် ကျတော့်ကို ပျိုးထောင်ပေးခဲ့ရှာတာမို့ ကျတော်သည်သာ သူ့ဘဝကြီး အဖြစ်ပြောင်းလဲမျှော်လင့်ခဲ့တာလည်း အဆိုးမဆိုသာ။
အခုတော့ အမေ့ဘဝကြီးက အရင်လို အိမ်ထဲမှာ ချက်ပြုတ်လျှော်ဖွပ်ရတာမျိုးမဟုတ်တော့ပဲ ရိုးရာ မုန့်သင်တန်းကျောင်းလေးကိုပင် ဖွင့်တော့မည်လေ။
ဟုတ်သည်။အခု ကျတော်တို့ ခြံလေးနှင့် အိမ်လေးကို ပြင်ဆင်နေတာ သင်တန်းကျောင်း ဖွင့်ရန်အတွက်ပင် ဖြစ်သည်။ငေးမောနေရာကနေ ခဏကြာတော့ မျက်နှာလေး ပြန်ပြီးကြည်လာသည်။သွေးအရောင်လေးလည်း လွှမ်းလာလေသည်။
"ပျော်တာပေါ့ သားရယ်။အမေ ငါ့သားကျောင်းမပြီးခင်ကဆို ဘာတွေ လုပ်ခဲ့ရလဲ သားအသိဆုံးပါ၊သားလေး ကျောင်းပြီးတော့ မှ အဲ့ဒီလို အလုပ်တွေ မလုပ်ရတော့တာပဲလေ။အခုလို အခြေအနေအထိ ဖြစ်လာလိမ့်မယ်လို့ အမေဖြင့် အိမ်မက်တောင် မမက်ဖူးဘူး"
![](https://img.wattpad.com/cover/333745509-288-k411781.jpg)
KAMU SEDANG MEMBACA
ကျွန်တော့်ထံပါးဝယ်(Complete)
Fiksi Remajaလူငယ် BL Fiction စာရေးဆရာလေး ပြည့်စုံစွမ်းနှင့် ဟိုတယ် ပိုင်ရှင်ကြီး ဦးတေဇာစည်သူ တို့၏ အချစ်ဇာတ်လမ်း၌ ပြည့်စုံစွမ်း ၏ အမေက အမွှေကလေး နည်းနည်းပါးပါး ဝင်ရောမွှေထားသည့် နူနူညံ့ညံ့ အချစ်ချိုချို ရိုရို BL Fiction လေးပါ။