part 02

15.1K 566 19
                                    

ကျတော့်ထံပါးဝယ်(BL)
အပိုင်း(၂)
"ရောင်းဖို့ မဟုတ်ပေမယ့်လည်း ဦး က ဒီပန်းလေးတွေကို အရေးပေါ် လိုနေတာမို့  ကူညီတဲ့ အနေနဲ့ ရောင်းပေးပါလား ကွာ"

ဟင်၊ဘယ်လို ဦးလေးကြီးလဲ? သွယ်လျပေမယ့် ခန္ဓာကိုယ် အမိုက်စားကြီး ရှိဟန်တူပါသည်။အနောက်တိုင်း ဝတ်စုံနှင့် ချပ်ရပ်ကာ ကြည့်ကောင်းသည် ။ရုပ်ရည်ကလည်း ရင့်ကျက်ကာ ကြည့်ကောင်းသည်။

ပန်းတွေက ရောင်းဖို့ မဟုတ်ပါဘူး ဆိုတာကိုပင် ဇွတ်အတင်း ဝယ်နေလေသည်။မရောင်း ပါဘူးဗျာ ဒါတွေက သူ့အတွက် ရည်စူးပြီး ခူးထားသည့် ပန်းတွေကိုး။

ဟော ပြောရင်း ဆိုရင်းကပင် ခါတိုင်းလို အိတ်တလုံးကို ဆွဲကာ ကျတော်သဘောကျနေသည့် အမျိုးသားငယ်လေးက ကျတော်တို့ ခြံရှေ့ လမ်းကနေ ဖြတ်လျှောက်လာလေသည်။

ကျတော် ဦးလေးကြီးကို ဖြတ်ကျော်ကာ သူ့ထံသို့ ပြေးထွက်လာလေသည်။သို့သော် တစုံတယောက်က ကျတော့်လက်ကို လှမ်းဆွဲထားလေသည်။

"ဟေ့ နေဦး"

"ဟင် ဦးလေး ၊ဖယ်၊ဖယ်ပါဗျ။ ဦးလေးကို ကျတော် မရောင်းဘူး။သူ့နောက်ကို လိုက်သွားအုန်းမယ်။ဒီပန်းတွေက သူ့အတွက်ဗျ"

ကျတော်က အတင်းကာရော ရုန်းကန်ကာ ပါးစပ်ကလည်း တတွတ်တွတ် ပြောဆိုနေပြီး လွှတ်ခိုင်းနေပေမယ့် အဲ့ဒီ ဦးလေးက ကျတော့်လက်ကို လုံးဝ လွှတ်မပေးပေ။

ခဏလေးအတွင်းမှာပဲ ကျတော်၏ အမျိုးသားငယ်လေးက လိုင်းကားပေါ်သို့ တက်သွားလေသည်။

အခုမှ ပင် ကျတော် ဒေါသထွက်ကာ စိတ်တိုသွားရလေသည်။

"ကျတော် သူ့ကို ပန်းလက်ဆောင် ပေးမို့ပါဆို အခုတော့ ပေးလို့ မရတော့ဘူး။ဦးလေးကြီးကြောင့် သူကားပေါ်ပါသွားပြီ။
ရော့ ယူလိုက်တော့ အဲ့ဒီပန်းတွေ"

ကောင်လေးက ဒေါသထွက်ထွက်နှင့်
သူ့လက်ထဲက ဝင်းထိန်စွင့်ကားကာ ပွင့်လန်းလှပနေသည့် နေကြာပန်းတွေကို ကျတော့် လက်ထဲသို့ ဆောင့်အောင့်ကာ ထည့် ပေးလိုက်ပြီး သူ့ခြံဝန်းလေးထဲသို့ ဝင်သွားလေသည်။

သူအထင်လွဲနေတာကို ရှင်းမပြပဲနဲ့တော့ ဒီအတိုင်း ပြန်မသွားနိုင်ပေ။

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now