part 19

6.5K 234 0
                                    

ကျတော့်ထံပါးဝယ်(BL Fic)
အပိုင်း(၁၉)

အဲ့ဒီနေ့က ကျတော် စာပြသွားတဲ့ နေရာတွေ အထိ ဦးလေးကြီးက လိုက်ပို့ပေးခဲ့သည်။ကျတော် စာပြနေရင် သူက သူ့ကားပေါ်မှာ ထိုင်ကာ စာအုပ်ဖတ်ရင်းနဲ့ ထိုင်စောင့်နေ‌ေပးသည်။

စာပြစရာတွေ ကုန်သွားသည့် အချိန်မှာတော့ ခါတိုင်းသူ့အိမ်ကို ခေါ်သွားသည့် အချိန်ဖြစ်နေပြီပေမယ့် ဒီနေ့တော့ ကျတော့် အိမ်ကိုပဲ ပြန်လိုက်ပို့ပေးပါသည်။

အပြန်လမ်း‌တလျှောက်က သစ်သီးဆိုင် တဆိုင်ကို ဝင်ကာ ပန်းသီး၊လိမ္မော်သီး၊ထောပတ်သီး၊ငှက်ပျောသီးတွေပါသည့် သစ်သီးခြင်းတခြင်းကိုလည်း ဝင်ပြီးဝယ်လာခဲ့သေးသည်။

သူ့အိမ်အတွက်ပဲလား?
သူ့အလုပ်က တယောက်ယောက်အတွက်ပဲလား?
ဘယ်သူ့အတွက်မှန်း မသိတာမို့ ငြိမ်ငြိမ်လေးပဲ ကားထဲကနေ ကြည့်နေမိခဲ့သည်။

ဒီလိုနဲ့ ဦးလေးကြီးက ကားပေါ်ကို တက်လာသည်။
ကားမောင်းနေရင်းကနေ ကျတော့်ဘက်ကို လှည့်ကြည့်ကာ

"ဒီနေ့ အချစ်လေး စာလည်း မရေးလိုက်ရဘူး"

သူ့စကားက ပုံမှန်ပဲ ဆိုပေမယ့် ကျတော့်ကို ရှက်သွားစေသည်။ကျတော် ပြုံးစိစိ ဖြစ်သွားပေမယ့် တဖက်ကို လှည့် လိုက်မိသည်။
ကျတော် ၏ ရှက်သော မျက်နှာလေးကို ဦးလေးကြီးအား မမြင်စေ့ချင်ပေ။

တကယ်လည်း ဦးလေးကြီးက မမြင်လိုက်ပေ။

"ဒါနဲ့ ထောပတ်သီးတွေ ငှက်ပျောသီးတွေကိုရော ကြိုက်တယ် မဟုတ်လား?"

"ကြိုက်ပါတယ်....
ဒါနဲ့  ဒါတွေက  ဘယ်သူ့ဖို့လဲ?"

"အမေ့ဖို့လေ အမေတယောက်တည်း မကုန်ရင် အချစ်လေးကပါ ကူစားလိုက်"

"ဟင် ဘာလို့လဲ?"

ဦးလေးကြီးက ကျတော့်အမေးကို ပြန်မဖြေပဲ ပြုံးနေလေသည်။
ကျတော်လည်း ဆက်မမေးတော့ပဲ ဦးလေးကြီး ၏ ပခုံးကိုသာ မှီရင်း လိုက်ပါလာခဲ့တော့သည်။

...............

"ဟိတ် မပြေးနဲ့လေ ဖြည်းဖြည်းသွား"

နေကြာပန်းလေးတို့ ခြံတံခါးပေါက်လေး နှင့် မလှမ်းမကမ်းမှာ ကားရပ်လိုက်တော့ နေကြာပန်းလေးက ကားပေါ်ကနေ ဆင်းကာ သူ့အိမ်ဆီသို့ ပြေးကာ၊လွှားကာ သွားနေတာမို့ အနောက်ကနေ သတိပေးလိုက်မိသည်။

ကျွန်တော့်ထံပါးဝယ်(Complete)Donde viven las historias. Descúbrelo ahora