part 09

6.8K 286 8
                                    

ကျတော့်ထံပါးဝယ်
အပိုင်း(၉)

"အမေခင်ဗျာ၊ကျတော် အမေ့အတွက် လီလီပန်းတွေ ဝယ်လာပါတယ်ခင်ဗျာ"

နေကြောပန်းကောင်လေး၏ အမေဖြစ်သူက ပြုံးပြုံး၊ပြုံးပြုံးနှင့်ပင် ကျတော့်လက်ထဲက ပန်းစည်းလေးကို လှမ်းယူလိုက်လေသည်။

"သားက စာသွားပြတယ် လူလေးရဲ့ ထိုင်အုံးနော်၊အမေတို့ အိမ်မှာ ဒီနေ့ ကန်စွန်းဥယို လမုန့် လုပ်စားတယ်၊လူလေး လည်း စားသွားပါအုံး"

"ဟုတ်ကဲ့ပါ အမေ၊အဟင်း"

ဒီလိုအချိန်ဆို နေကြာပန်းကောင်လေး စာပြနေလောက်ပြီဆိုတာကိုလည်း ကျတော်သိသည်။ပြီးတော့ ခဏနေမှ နေကြာပန်းကောင်လေး ပြန်လာလိမ့်မည်။သူပြန်လာချိန်ကို ရောက်မှ မုန့်သင်တန်းသားလည်း ရောက်လာလိမ့်မည် ဆိုတာကို လည်း က‌ျတော်သိသည်။

"ဒါနဲ့လေ ၊အမေ ၊အမေကအရင်ကတည်းက မုန့်သင်တန်းဖွင့်လာတာလား?"

ပန်းကန်လှလှလေးကို ထုတ်ယူကာ လက်သုတ်ပဝါ သန့်သန့်လေးနှင့် ပွတ်နေသည့် အမျိုးသမီးကြီးက ကျတော့်ကို လှည့်မကြည့်ပါ။

"မဟုတ်ဘူး။လူလေးရဲ့ အခုတလောမှ မိတ်ဆွေတယောက်ရဲ့ သားက သင်ချင်တယ်ဆိုလို့ ဖွင့်ဖြစ်သွားတာ"

ဒါဆို သေချာနေပြီပဲ။ဒီမုန့်သင်တန်းသား၏ ရည်ရွယ်ချက်က သိသာနေပြီဟု ကျတော့် စိတ်နှင့် နှိုင်းယှဉ်ကာ တွေးလိုက်မိသည်။

နေကြာပန်းကောင်လေး၏ အမေက လမုန့်ပန်းကန်လေးကို စားပွဲပေါ်သို့ တင်လိုက်သည်။

"စားပါအုံးကွဲ့ လူလေးရဲ့၊အမေ ဒီမုန့်လုပ်တဲ့နေ့ဆို ပြည့်စုံစွမ်းက သိပ်ကြိုက်တာ ၊"

ဪ ဒီကောင်လေးကလည်း ဒီကန်းစွန်းဥယို လမုန့်ကို ကြိုက်တာပါပဲလား?။
တွေးကာ သူကြိုက်တတ်တာလေး တခုကို သိရလို့ ကျတော့်မှာ ပျော်မိသည်။

"အိမ်ကသားကလေ အရွယ်လေး နည်းနည်း ရောက်လာတာနဲ့ သူ့ကိုယ်သူ သိခဲ့တယ်၊သူက မိန်းကလေးတွေကို မကြိုက်တတ်ပဲ ယောက်ျားလေးတွေကိုပဲ ကြိုက်နေတယ်လို့ အမေ့ကို ပထမဦးဆုံး လာပြောပြတာ လူလေးရဲ့"

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now