part 05

8.6K 366 6
                                    

ကျတော့်ထံပါးဝယ်(BL Fic)
အပိုင်း(၅)
"ဟော အကို နိုးလာပြီလား?
ဒီနေ့ မနက်စာ ဘာစားချင်လဲ အကို
ထမင်းကြော်နဲ့ ကြက်ပေါင်ကြော်လား?အသားပေါင်းလား?၊ရွှေတောင်ခေါက်ဆွဲလား?"

မောင်ကောင်းက ကျတော် စားလေ့ ၊စားထ ရှိသည့် အစားအသောက် တွေ၏ နာမည်ကို ရွတ်ပြနေလေသည်။
ခါတိုင်းလည်း ဒီလိုပဲ ကျတော် အိပ်ရာနိုးလာပြီဆို စားချင်တာ မှန်သမျှ ချက်ကျွေးနေကျပေမယ့် ဒီနေ့လို ပျာပျာသလဲ တော့ မဟုတ်ချေ။ဒီနေ့က ထူးကို ထူးခြားနေတာပင်။

"ရွှေတောင် ခေါက်ဆွဲ ရရင် စားချင်တယ်ကွာ ၊မင်း ချက်ကျွေးနော်၊ဝယ်တော့ မကျွေးနဲ့ ငါက အပြင်စာတွေ စားလို့ မရတာ မင်းသိပါတယ်"

မောင်ကောင်းက သူ၏ လက်နှစ်ဖက်ကို နောက်သို့ ယှက်ထားပြီး ခေါင်း
တညိမ့်ညိမ့် လုပ်ကာ နေလေသည်။

"သိပါတယ်။စိတ်ချပါ အကိုရဲ့ ၊ကျတော် ကိုယ်တိုင် ချက်ထားပါပြီ၊ပန်းကန်ထဲကို ထည့်ပြီး သယ်လာရုံပါပဲ ၊အကြာကြီးမစောင့်ရပါဘူး။

ဘယ့်နှယ့်လဲ ကျတော် တော်တယ် မဟုတ်လား? ဒီနေ့ အကို ရွှေတောင်ခေါက်ဆွဲ စားလိမ့်မယ် ဆိုတာကိုပါ ကြိုသိနေတာ"

မောင်ကောင်း၏ စကားကြောင့် ကျတော် ရုပ်မြင်သံကြား သတင်း ကြည့်နေရာမှ မောင်ကောင်းဘက်သို့ လှည့်ကာ
အံ့ဩချင်ယောင်ဆောင်လိုက်ပြီး

"ဟား တယ်ဟုတ်ပါ့လားကွ၊
လုပ်ပါအုံး မင်းရဲ့ ဟောစားတမ်းလေးကို"

ကျတော်က ပြောင်ချော်ချော် ပြောနေတာမို့ မောင်ကောင်းကလည်း ရွှတ်နောက်နောက်လိုလို နှင့်ပင်

"အကိုက သိပ်မကြာခင်၊မိန်းမနဲ့ ကလေး ရလာတော့မှာ"

မောင်ကောင်း၏ စကားကြောင့် ကျတော်ပြုံးမိသည်။

"အွန်း ဘယ်လိုကြောင့်များ ဒီလို ဟောရတာလဲ ? ဆရာကောင်းရဲ့"

လို့ ရွှတ်ရွှတ်နောက်နောက် ပြောမိပြန်ပါသည်။

မောင်ကောင်းက ကျတော့်ရှေ့က စားပွဲဆီသို့ ခေါက်ဆွဲပန်းကန်၊မုန့် ပန်းကန်၊အကြော်ပန်းကန်၊ကြက်ဉ ပန်းကန်၊အဆာပလာ ပန်းကန်တို့ကို တန်းစီကာ ချပေးရင်းနှင့်ပင်

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now