ကျတော့်ထံပါးဝယ်
အပိုင်း(၁၇)
အိပ်ရာက နိုးလာသည်နှင့် ယောဂလေ့ကျင့်ခန်းလုပ်ဖြစ်သည်။
အသက်အရွယ်ရလာပြီဆိုေတာ့ ကျန်းမာနေမှ ဖြစ်မယ်ေလ။ေလ့ကျင့်ခန်းလုပ်ပြီးေတာ့ သန့်စင်ခန်းထဲဝင်သည်။ပြီးတော့ ရေချိုးဖြစ်သည်။ရေမိုးချိုးပြီး ဆံပင်နှင့် အသားအရေကို အထူးဂရုစိုက်မိသည်။အခုတလောကျ အရင်ကထက်ပိုပြီး ဂရုစိုက်နေမိတာပင်
ကိုယ်နှင့်တွဲနေသည့် ကောင်လေးက ငယ်လည်း ငယ်သေးသည့် အပြင် ချစ်စဖွယ် ဖူးဖူး၊ နူနူ၊ ဝင်းဝင်း ၊အိအိလေး ဖြစ်နေတာကြောင့် ပင် ။မှန်ထဲက ကျတော့်ပုံစံကို ကြည့်ကာ သဘောကျပြီး ပြုံးမိသည်။
ဘယ်လောက်ပင် ချောပြီး ခန့်ကာ သန့်ပါသည်၊စင်ပါသည် ပြောနေကြပါစေ
ချစ်ရသည့် ကောင်လေးရှေ့ကိုရောက်လျှင် အလိုလိုနေရင် အရောင်မှိန်နေသည်ဟု ကိုယ့်ကိုယ်ကိုယ် တွေးနေမိတာပင်။နေကြာပန်းလေးက တောက်ပလွန်းသည်။နေကြာပန်းလေးဆိုပြီး
တွေးလိုက်မိတာနှင့်
ကျတော်နှင့်တွေ့ရန် သူ့အိမ်ထဲက ထွက်၊ထွက်လာသည့် သူ့ပုံစံလေးတွေကို ပြန်မြင်ယောင်မိပြန်သည်။မြက်နုတ်ေနရင်း က ထွက်လာလည်း တောက်ပနေတတ်သလို
စာရေးနေရာကနေ ထွက်လာလည်း ချစ်စဖွယ်ကောင်းနေတတ်သေးသည်။"လွမ်းလိုက်တာကွာ"
"အကိုရေ မနက်စာ စားဖို့ အဆင်သင့်ဖြစ်ပါပြီခင်ဗျ"
"အေးပါ ငါထွက်လာခဲ့မယ်"
အပြီးသတ် ပြင်ဆင်သည့် အနေနှင့် နာရီကို လက်မှာပတ်ကာ ရေမွှေးကို ဖျန်းလိုက်ပြီး အခန်းထဲမှ ထွက်ခဲ့လေသည်။
"မင်းရော စားပြီးပြီလား?"
"မစားသေးဘူး အကို ကျတော် ပန်းအလှအိုးတွေ ထိုးရအုန်းမှာ"
မောင်ကောင်းက ညီလို အစ်ကိုလို ဖြစ်နေပေမယ့် ကျတော်နှင့်အတူတူ ဘယ်တော့မှ မစားချေ။
သူဝါသနာ ပါသည့် ပန်းအလှထိုးသည့် အလုပ်ကို အားသည့် အခါတိုင်း စိတ်လိုလက်ရ လုပ်တတ်သည်။"မင်း အဲ့ဒါနဲ့ ငွေရှာမှာလည်း မဟုတ်ပဲနဲ့
ဘာလို့ လုပ်နေတာလဲ"?
BẠN ĐANG ĐỌC
ကျွန်တော့်ထံပါးဝယ်(Complete)
Teen Fictionလူငယ် BL Fiction စာရေးဆရာလေး ပြည့်စုံစွမ်းနှင့် ဟိုတယ် ပိုင်ရှင်ကြီး ဦးတေဇာစည်သူ တို့၏ အချစ်ဇာတ်လမ်း၌ ပြည့်စုံစွမ်း ၏ အမေက အမွှေကလေး နည်းနည်းပါးပါး ဝင်ရောမွှေထားသည့် နူနူညံ့ညံ့ အချစ်ချိုချို ရိုရို BL Fiction လေးပါ။