part 20

6K 231 4
                                    

ကျတော့်ထံပါးဝယ်(BL Fic)
အပိုင်း(၂၀)
ဒီလိုနဲ့ ကျတော်တို့ နှစ်ယောက်ဟာ အမေမသိအောင် တမျိုး၊အမေသိအောင် တမျိုး ချိန်းတွေ့နေကြရင်း အမေစောင့်ကြည့်မယ်ဆိုတဲ့ (၃)လ ပြည့်အောင် ပျော်ပျော်ကြီး ဖြစ်သန်းနေခဲ့ကြတာပေါ့။

ကျတော်လည်း အဲ့ဒီ (၃)လအတွင်းမှာ စာအုပ် (၃)အုပ် ထွက်ဖြစ်ခဲ့တယ်။
အကိုကောင်းနဲ့လည်း တော်တော်လေးကို ခင်မင်လာခဲ့ကြပါပြီ။
ဒါပေမယ့် သဝန်တိုတဲ့ စိတ်ကတော့ ရှိနေတုန်းပါပဲ။အဲ့ဒါကိုလည်း ဦးလေးကြီးရော အကိုကောင်းကပါ သိကြသည်။

အကိုကောင်းကလည်း နေတတ်ပါသည်။ကျတော်ပဲ ဦးလေးကြီးတို့ အိမ် ရောက်လာပြီဟေ့ဆို အကိုကောင်းကို လာပြီး နှုတ်ဆက်ချိန်ကလွဲရင် မြင်ကို မမြင်ရတော့လောက်အောင် တခြားအလုပ်တွေ လုပ်နေတတ်သည်။

အကိုကောင်းက ဟင်းကောင်းကောင်းချက်ပြုတ်တတ်တာ၊ခန်းဆီး အရောင်၊အဆင်ရွေးတတ်တာ၊စားပွဲတင် အလှပန်းအိုးထိုးတတ်တာတွေက လည်း ချီးကျူးလောက်အောင်ကို တော်ပါသည်။

တခါ၊တလေ ညအိပ်ရာဝင်ချိန်တွေမှာ ကျတော် တယောက်တည်း တွေးတတ်သေးသည် ဦးလေးကြီး၏အိမ်ကိုသာ လိုက်နေဖြစ်ကြရင် အမေနှင့် အကိုကောင်းတို့တော့ ဟင်းလုချက်ကြရင်း စကားပဲ များကြမလား?
တည့်ပဲ တည့်ကြမလားရယ်လို့ပေါ့။
အဲ့ဒီ အတွေးကို ဦးလေးကြီးကိုတော့ မပြောမိသေးပါဘူး။

ကျတော်ကလည်း
စာရေးဆရာလို့ မပြောရဘူး စိတ်ကူးနဲ့ပုံဖော်ရတာကို ကြိုက်သူဆိုတော့ တခါ၊တခါဆို အမေနှင့် အကိုကောင်းတို့
တယောက်ကို တယောက်
ဆရာလုပ်ရင်း
စကားနိုင်လုကြမည်ကို
ပုံဖော်တွေးရင်း အိပ်ရာထဲမှာ
ကြိတ်ကြိတ်ပြီး
ရယ်မိသေးတာရယ်။

တော်သေးသည် အမေမသိလို့ သိများ သိလို့ကတော့ အမေ့လက်က အချိန်အခါရွေးတတ်တာမဟုတ်ဘူး ဂေါက်ကနဲ အခေါက်ခံရမှာ သေချာပါသည်။
အဟင်းဟင်း

ဦးလေးကြီးတယောက်လည်း အမေချစ်သားလေးကို ချစ်သူတော်ထားရတော့ ချစ်သူကို ခေါ်ချင်တာနှင့် ချစ်ရသူ၏ အမေကိုပါ အိမ်ပေါ်ခေါ်တင်ဖို့ ကြံစည်တော့တာရယ်။

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now