part 13

6.1K 284 1
                                    

ကျတော့်ထံပါးဝယ်(BL)
အပိုင်း(၁၃)
ဒီနေ့ ညနေခင်း ကျတော်တို့ ချိန်းတွေ့ကြချိန်လေးရောက်သည့် အခါ ဟိုတယ်မှာ စီမံနေကျ အလုပ်လေးတွေ ကို ချက်ချင်း လက်စဖြတ်ပြီး မောင်ကောင်းကို လာမကြိုခိုင်းတော့ပဲ နေကြာပန်းလေးတို့ အိမ်ဆီသို့ ထွက်လာခဲ့မိပြီ။
ကျတော့်ကို မြင်လိုက်တယ် ဆိုရင်ပဲ နေကြာပန်းကောင်လေး၏ မျက်နှာလေးက ပြုံးချိုသွားတာကို တွေ့လိုက်ရတယ်။ပျော်တာပေါ့ ကွယ်။

မင်းလေး ကိုယ့်ကို သတိရနေတာ ကို ကိုယ်သိတယ်။ကိုယ်ရောပဲ လေ။
ဒီနေ့ တနေ့လုံး မင်းကို သတိရနေမိတယ်။ရင်ဘတ်ထဲမှာ မင်းရှိနေတဲ့အခါ ဘာအလုပ်ပဲ လုပ်လုပ် ပျော်ပျော်ကြီး လုပ်နေမိတယ်။

"ကားပေါ်တက်"

ကျတော် ဖွင့်ပေးထားသည့် ကားတံခါးလေးအတိုင်း တက်လာသည့် နေကြာပန်းလေးဟာ အရင်တုန်းကထက်တောင် ပိုတောက်ပ လာသလိုပဲ
ခါတိုင်းလိုပဲ ဂျင်းပန်လေးနဲ့ တီရှပ်လေးနဲ့ သူလွယ်နေကျ အိတ်လေးနဲ့၊ဒါပေမယ့် ကျတော့် မျက်လုံးတွေထဲ မှာ တောက်ပနေတာ ပဲ။ချစ်မိနေတာကိုး။

"ဘယ်ပန်းကို အကြိုက်ဆုံးလဲ?"

"ကျတော်နှင့် တူတဲ့ ပန်းကို အကြိုက်ဆုံးပဲ"

သူပြန်ဖြေပုံလေးက ရယ်ဟဟလေးပဲ။ဒါက သူ့အပေါ်ကို ကျတော် ဘယ်လောက်အထိ နက်ရှိုင်းလည်း သိချင်သလို ဉာဏ်စမ်း ပုစ္ဆာလေး တပုဒ်ပေးလိုက်သလိုပါပဲ။

ကျတော်က နေကြာပန်းစည်းလေးကို သူ့လက်ထဲသို့ ကြင်ကြင်နာနာလေး လှမ်းထည့်ပေးလိုက်တဲ့ အခါ အံ့ဩကျေနပ်ပြီး ရှက်သွေးဖြာသွားသလို တခြားဖက်ကို လှည့်ပြီး ရယ်နေသည်။

ကိုယ့်ဘက်ကို လှည့်ပြီး ရှက်သွေးဖြာလို့လည်း ရပါတယ်နေကြာပန်းလေးရယ် ကိုယ်က မင်းနဲ့ ပတ်သက်လာရင် မင်းရဲ့ အရာအားလုံးကို သိချင်၊မြင်ချင်နေမိတဲ့ သူပါ။

"အာ အဟင်း"

"မင်းကြိုက်မကြိုက်တော့ မသိဘူး။ဒါပေမယ့် ဒီပန်းလေးတွေက မင်းနဲ့တော့ အတော်တူတာ၊ပြီးတော့ မင်းနဲ့လည်း အရမ်းလိုက်ဖက်တယ် တောက်ပနေတာပဲ'

နေကြာပန်းလေးက ထပ်ပြီးတော့ ရယ်နေတယ်။ဒီတခါ သူရယ်နေတာ ကျေနပ်နေလို့ ဆိုတာ ကျတော်သိတယ်။

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now