ကျတော့်ထံပါးဝယ်(BL)
အပိုင်း(၁၂)
ကျတော် ဒီနေ့မနက် အိပ်ရာက နိုးလာတဲ့အခါ ပြတင်းပေါက်ကဝင်လာတဲ့ နေရောင်ခြည်နုနုလေးကို လည်း မကြည့်ဖြစ်သလို၊လှမ်းမြင်နေရတဲ့ တမာပင်ကြီးကိုလည်း မကြည့်ဖြစ်ဘူး။ခါတိုင်းလို အိပ်ရာထဲကနေ ကမန်းကတန်း ထပြီး မျက်နှာသစ်၊သွားတိုက်ပြီးတော့ စာရေးဖို့လည်း မကြိုးစားမိဘူး။စာရေးသူ တယောက်အနေနဲ့ ဆို
ဒီနေ့ အချစ်မှာ နစ်မျောမိသွားလို့ စာရေးတာ ကနေ ခွင့်တရက်ပေးပါလို့ တောင်းခံရမယ့် နေ့လေး တနေ့ပါပဲ။မျက်လုံးနှစ်လုံး ဖွင့်ကတည်းက ဦးလေးကြီး၏ မျက်နှာ၊ဦးလေးကြီး၏အသံ၊ဦးလေးကြီး၏ စကားလုံးတွေ၊ဦးလေးကြီး၏ မလုံ့တလုံ အသားစိုင်များ၊ဦးလေးကြီး၏ ဂရုစိုက်မှုများ၊ဦးလေးကြီး၏ အလေးထားမှုများ ကိုသာ တွေးတောနေမိလေသည်။
"ဟိုကောင်လေး ဒီနေ့ စာမရေးဘူးလား?"
မီးဖိုချောင်ထဲက အမေ့ အသံကြောင့် စိတ်ကူးထဲက အချစ်ငှက်ကလေးတွေ ထပြီးပျံပြေးကုန်ကြေလပြီ။
"မရေးသေးဘူး အမေရ"
"မရေးသေးလည်း ထတော့ သစ်ပင်လေးတွေကို ရေလောင်းချေအုံး။သစ်ပင်လေးတွေမှာ ရေဆာနေရော့မယ်"
အမေ့စကားကြောင့် ဆက်ပြီးအိပ်နေလို့ မရတော့ပဲ ကုန်းရုန်းပြီး ထလိုက်ရတော့သည်။မနေ့ ညနေက တွေ့ခဲ့ရတဲ့
ဦးလေးကြီးရဲ့ ပုံစံလေးကို စိတ်ကူးလေးတောင်ဖြောင့်ဖြောင့် မယဉ်ရတော့ပေ။..........
သစ်ပင်လေးတွေကို ရေလောင်းနေရင်းကလည်း ဦးလေးကြီးအကြောင်းကိုတွေးကာ ပြုံးနေမိသည်။အဲ့ဒီနေ့က ဟောဒီနေကြာပန်းတွေကို ဘာလို့များကျတော့်ဆီကနေ အတင်းကြီး လာဝယ်ရတာလဲ ဦးလေးကြီးရဲ့။
ပြီးတော့ ကျတော့်ရဲ့အတွင်းခံလေးပဲ ဝတ်ထားတဲ့ ပုံကို မြင်သွားသေးတယ်။အဟိ။တော်တော်ဆိုးတဲ့ ဦးလေးကြီးပဲ သေချာတောင်ရပ်ကြည့်သွားသေးသည်။
"မနက်စာ ဘာစားမလဲ ?သား ထမင်းကြော်စားမလား?ပဲပြုတ်နဲ့ ဆီမွှေးမွှေးလေး နဲ့ ကြက်ဥမကျက်တကျက်ကြော်နဲ့ စားမလား?ဘာစားချင်လဲ?"
ŞİMDİ OKUDUĞUN
ကျွန်တော့်ထံပါးဝယ်(Complete)
Genç Kurguလူငယ် BL Fiction စာရေးဆရာလေး ပြည့်စုံစွမ်းနှင့် ဟိုတယ် ပိုင်ရှင်ကြီး ဦးတေဇာစည်သူ တို့၏ အချစ်ဇာတ်လမ်း၌ ပြည့်စုံစွမ်း ၏ အမေက အမွှေကလေး နည်းနည်းပါးပါး ဝင်ရောမွှေထားသည့် နူနူညံ့ညံ့ အချစ်ချိုချို ရိုရို BL Fiction လေးပါ။