part 14

6K 266 0
                                    

ကျတော့်ထံပါးဝယ်(BL)
အပိုင်း(၁၄)
ဒါပေမယ့် အခန်းထဲကို ကျတော်ကလည်း ဆွဲမသွင်းသလို၊နေကြာပန်းလေးကလည်း အခန်းတံခါးရဲ့ အပြင်မှာပဲ ရပ်ကျန်ရစ်ခဲ့တာပါ။အောက်ထပ် ထမင်းစားခန်းထဲမှာ ကျန်ရစ်ခဲ့တဲ့ မောင်ကောင်းကတော့ ဘာတွေ ထင်နေမလဲ?တွေးကြည့်ရင် ထင်ချင်ရာတွေ ထင်စရာပင်ပဲပေါ့။

ပေါ့ပေါ့ပါးပါးပေမယ့် နည်းနည်း ကြည့်ကောင်းမယ့် အဝတ်အစားတွေ ကို လဲလှယ် ပြီးဝတ်ဆင်ကာ ခပ်မြန်မြန်ပဲ အခန်းထဲက ထွက်လာခဲ့သည်။

နေကြာပန်းလေး အကြာကြီး စောင့်ဆိုင်းနေရမှာ ကျတော်မလိုလားပေ။
တံခါးချပ်လေးကို ဖွင့်ကာ ကျတော် အခန်းအပြင်ကို ထွက်သွားတော့ ကျတော့်ကို ကျောပေးရပ်နေသောနေကြာပန်းလေးကို တွေ့လိုက်ရလေသည်။အခန်းတံခါး ဖွင့်သံကြောင့် ကျတော်ရှိရာဘက်သို့ လှည့်ကြည့်သည်။ကျတော့်ကို မြင်တော့ ခြေဆုံး၊ခေါင်းဆုံးကြည့်ကာ ပြုံးသွားလေသည်။

"ဦးလေးက ဒီလို ဝတ်တော့လည်း တမျိုးကြည့်ကောင်းသားပဲနော်"

"ကြည့်ကောင်းလား?
အင်း ကိုလည်း ပြပေးချင်ပါတယ်။
ကိုယ့်ရဲ့ ပုံစံအမှန်တွေ အားလုံးကိုပေါ့"

လှေကားထစ်ကလေးတွေကနေ ဆင်းလာကြရင်းက ကျတော်သူ့ကို‌ေစာင်းငဲ့ ကြည့်လိုက်တော့ ပြောလိုက်သည့် စကားကြောင့် နေကြာပန်းလေး၏ မျက်နှာတွေ၊နားရွက်တွေ၊လည်ပင်းတွေ နီနေတာကို မြင်လိုက်ရလေသည်။

"ဟိတ်
ဘာတွေ တွေးနေတာလည်း
ကို အလုပ်လုပ်နေတဲ့ ပုံစံ
စာဖတ်နေတဲ့ ပုံစံ
အိမ်နေရင်း ပုံစံ
အဲ့လိုဟာတွေကို ပြောတာပါ"

"ဦးလေးက အဲ့လို ရှင်းရှင်းပြောမှပေါ့ဗျ"

မျက်လုံးတွေကို မှိတ်ကာ ကျတော့်ကို ပြန်အော်လိုက်သော မျက်နှာနုနုလေးကြောင့် ကျတော်ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။

"မင်းတကယ် တွေးမိသွားတာလား?
ဟင်းဟင်းဟင်း
နောက်တော့ တဖြည်းဖြည်း ချင်း အကုန်လုံးကို မြင်ရတွေ့ရမှာပါ"

စကားတပြောပြောနှင့် အတူတူ ဆင်းလာကြတာမို့ လှေကားထစ်တွေ၏ အဆုံးကိုပက်ရောက်လာလေသည်။

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now