part 24

6.1K 206 0
                                    

ကျတော့်ထံပါးဝယ်(BL)
အပိုင်း(၂၄)
ဒီနေ့ ကျတော် သစ်တော စိုက်ပျိုးရေး ဆီက အပြန် အရမ်းပင်ပန်းလာခဲ့သည်။ကိုယ်တိုင် အပ်တို တချောင်းတောင် မသယ်ရပေမယ့် နေပူထဲ ကိုယ်တိုင် လိုက်ကြည့်ကာ ဟိုဟိုဒီဒီ လိုချင်တာလေးတွေ လိုက်စီမံ ရတာကိုပင် ပင်ပန်းသည်။

ဒီနေ့လည်း တနေ့ကလိုပင် နေကြာပန်းလေးကို ခေါ်လာချင်ခဲ့ပေမယ့် နေကြာပန်းလေးက သူ့စာအုပ်လေး၏ ရိုက်ကူးရေး အတွက် လူရွေးပွဲကို သွားလေ့လာတာမို့ မအားတာနှင့် ခေါ်မလာခဲ့ရပေ။

ပင်ပန်းတာက သပ်သပ်၊လွမ်းဆွတ် သတိရတာက သပ်သပ်နှင့် ခံစားမှု နှစ်မျိုးကြောင့် အလုပ်လုပ်တုန်းက စိတ်ပါ၊လက်ပါ လုပ်ခဲ့ပေမယ့် အလုပ်က အနားရပြီး အိမ်ပြန်ချိန်ကျတော့ လွမ်းရသည်။တွေ့ရင် ရင်ခွင်ထဲမှာ အကြာကြီး ထည့်ထားမည် ဘာညာ စိတ်ကူးနှင့်ကြည်နူးပြီး အိမ်ကို မြန်မြန်ရောက်ချင်နေမိသည်။

ကားကို ကိုယ်တိုင်မမောင်းရတာပဲ ကံကောင်းသည်။ကိုယ် အလျှင်လိုတိုင်း အမြန်မောင်းသင့်သည့်အထဲ၌ စက်တပ်ယာဉ်တွေ မပါပေ။
ဒါကို ကောင်းကောင်းသိသည့် မောင်ကောင်းရှိနေလို့သာ တော်တော့သည်။

ပြေးတွေ့ချင်စိတ်တွေကို အိန္ဒြေနှင့် ထိန်းကာ ကားထဲမှာ ခပ်တိုးတိုးလေးဖွင့်ထားသည့် သီချင်းကိုသာ နားထောင်‌ေနမိသည်။

ကားပိတ်သည့်နေရာ၊မီးပိ္ွှုင့်မိသည့် နေရာတွေကို ဟန်ကိုယ့်ဖို့ အနေအထားနှင့် တလျှောက်လုံး ထိန်းသိမ်းလာခဲ့ရပေမယ့် လွမ်းလှပြီ။
ပါးဖောင်းဖောင်းလေးကို ညှစ်ချင်လှပြီ။
နှုတ်ခမ်းနီနုနုလေးကို နမ်းပစ်ချင်လှပြီ။
ကိုယ်လုံး သေးတုတ်တစ်လေးကို ဖျစ်ညှစ်ပြီး ဖက်ထားချင်လှပြီ။

အား ဦးလေးကြီးနော်။ကိုနော် တော်တော်ဖြစ်နေတာလား?ဆိုသည့် မူပြီးချွဲတတ်သည့် အသံလေးတွေကို ကြားချင်လှပြီ။
စိတ်ကိုထိန်း၊စိတ်ကိုထိန်း ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်ပြီး ဖြေလျော့ရလေသည်။

မနေနိုင်သည့် အဆုံး တခုသောမီးပိ္ွှုင့် အရောက်တွင် ဖုန်းခေါ်လိုက်မိလေသည်။
ဖုန်းက ဝင်သည် ချက်ချင်းလာမကိုင်သေးချေ။
အတော်အတန်ကြာမှ လာကိုင်သည်။

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now