part 18

6K 230 0
                                    

ကျတော့်ထံပါးဝယ်(BL Fic)
အပိုင်း(၁၈)
ကျတော့်ကို စာရေးဖို့ဆိုပြီး အခန်းတခန်းထဲကို သူကိုယ်တိုင်လိုက်ပို့တယ်။ပြောသေးတယ်။

"ဒီကနေ လှမ်းကြည့်ပြီး မြင်ရတဲ့ မြင်ကွင်းက သိပ်လှတယ် အချစ်လေး စာတွေ အများကြီး ရေးလို့ ရမှာ"

တဲ့လေ။
ဒါပေမယ့် ဘယ်လို လုပ်မလဲ ?
ကျတော် စာမရေးနိုင်ဘူး။
ကျတော့်ကို ထားရစ်ခဲ့ပြီး သူကတော့ သူ့မန်နေဂျာနဲ့ ဟိုဟို၊ဒီဒီ ဟိုတယ် အနှံ့လျှောက်သွားနေတာလေ။

ကျတော့်အဖြစ်က ဘာနဲ့ တူမှန်းလဲ မသိဘူး။သူ ကျတော့ အနားမှာ ကပ်နေပြန်ရင်လည်း ဘာများ ထ လုပ်လိုက်မလဲ ?ဆိုပြီး ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေရပြီး။

သူကျတော့်ကို အခုလို ထားခဲ့တော့လည်း လွမ်းပြီး သူ့အနားမှာပဲ ကပ်နေချင်မိတော့တာပါပဲ။

အဲ့ဒါနဲ့ ရေခဲ့သေတ္တာ ကိုဖွင့်ပြီး ရေသန့်ဗူးတဗူးကို ဖွင့်ပြီး ဖန်ခွက်ထဲကို ထည့်၊ရေသောက်ပစ်လိုက်တယ်။ပြီးတော့ အအေးတဗူးကို ဖွင့်ပြီး ဖန်ခွက်ထဲကို ထည့်ကာ အအေးသောက်ပစ်လိုက်တယ်။အဲ့ဒါလည်း အဲ့ဒီ ဦးလေးကြီးက ပြန်မလာသေးဘူး။

ဒါနဲ့ ကုတင်ပေါ်ကိုတက်ပြီး လှဲအိပ်လိုက်တယ်။တီဗီကိုလည်း ဖွင့်ပြီး စိတ်မပါပဲနှင့် ကြည့်နေလိုက်မိတယ်။အဲ့ဒါလည်း အဲ့ဒီ ဦးလေးကြီးက ပြန်မလာသေးပါဘူး။
ကျတော်လည်း
တဖြည်းဖြည်းနှင့်အိပ်ပျော်သွားခဲ့တယ် ထင်ပါတယ်။

..............
ဒီနေ့ အလုပ်လုပ်ရတာ စိတ်ထဲပျော်နေမိတယ်။ဘာကြောင့်မှန်းလဲ မသိပေမယ့်လို့
အခန်းထဲမှာ ချစ်ရတဲ့ ကောင်လေး ရှိနေတယ်ဆိုတဲ့ အတွေးတခုကပဲ ကျတော့်ရင်ထဲကို နွေးထွေးနေစေတယ်။

ဟိုဟို၊ဒီဒီ လုပ်နေရင်း
နေကြာပန်းလေးရဲ့ အခန်းဆီ ခဏ၊ခဏ အကြည့်ရောက်မိတယ်။ဒီအချိန်ဆို သူဘာတွေများ လုပ်နေမလဲ ဆိုပြီးတော့
စိတ်ကူးထဲ မှန်းကြည့်နေမိတယ်။

သူစာရေးနေမလား?
သူရေးတာ အချစ်ဝတ္ထုဆိုတော့ အခုဆို သူရေးနေတာ ဟိုလို အခန်းတွေများလား?
ဘာညာ အကုန်လုံးတွေးပစ်လိုက်မိတယ်။
"သူဌေး အအေးသောက်မလား?
အပူသောက်မလား"

ကျွန်တော့်ထံပါးဝယ်(Complete)Donde viven las historias. Descúbrelo ahora