part 04

9.6K 393 12
                                    

ကျတော့်ထံပါးဝယ်(BL Fic)
အပိုင်း(၄)
စက္ကူအိတ်လှလှလေး လုပ်ပြီးသွားသည့်အခါ အမေထိုးထားသည့် ရွှေထမင်းဗန်း‌ေသး‌ေလးထဲက အစိတ်ကြီးတစိတ်ကိုယူကာ လှလှပပ‌‌ေလးနှင့် ခပ်စောင်းစောင်းအတုံးလေး‌ေတွ လှီးချလိုက်သည်။
ပြှီးတော့ စက္ကူအိတ်ထဲထည့်ထားလိုက်သည်။အုန်းသီးဆံကိုလည်း မုန့်သားအပေါ်မှ လှလှပပလေး  ဖြူးထားလိုက်သည်။

အားလုံးပြီးသွားတော့ စက္ကူမုန့်ထုပ်လှလှလေးကို ကြည့်ကာ ကျတော်ပီတိဖြစ်နေမိသည်။

ပထမ တခါ သူ့ကို ပန်းပေးဖို့ ကြံရွယ်ခဲ့သည်။အခုတခါ မုန့် လက်ဆောင် ပေးဖို့ ကြံရွယ်မိပြန်သည်။

ဪ ပြည့်စုံစွမ်း၊ပြည့်စုံစွမ်း ပြောတော့ သာ လူငယ် အချစ်ဝတ္ထုရေး တဲ့ စာရေးဆရာပါဆို ၊ခုတော့ ပြင်ပလောကမှာ ကိုယ်သဘောကျတဲ့လူတယောက်ကို လိုက်ဖို့တောင် အမေ့ဆီက မုန့်အကူအညီ ယူနေရသေးသည်။

ဒါပေမယ့် ဒီမုန့်ထုပ်လေးကို များ လက်ခံလိုက်ရရင် အဲ့ဒီ အမျိုးသားငယ်လေး ဘယ်လို ဖြစ်သွားမှာလဲ?ဆိုတာကို ရင်လည်း ခုန်သလို ၊စိုးလည်း စိုးရွံ့မိသည်။

ကိုယ်ကသာ လိင်တူနှစ်သက်ပေမယ့် သူက ဘယ်လိုများ ကိုယ့်အပြုအမူအပေါ် တုန့်ပြန်လိမ့်မလဲ?
လို့တွေးပြီးတော့လေ။

ဒီနေ့တော့ မှန်ရှေ့မှာ ရပ်ကာ ကိုယ့်ကိုယ်ကိုယ် သေချာကြည့်မိသည်။ဟိုတရက်ကလို အဖြစ်မျိုး ထပ်ပြီး ဖြစ်မှာကို မလိုလားပေ။

"အင်း အကင်္ျီဝတ်ထားပြီ၊ဘောင်းဘီလည်းဝတ်ထားပြီ၊မုန့်ထုပ်လည်း ပါပြီ၊ရုပ်ကလည်း ကြည့်ကောင်းနေပြီ ၊အကုန်အဆင်ပြေနေပြီ ဒီလောက်ဆိုရင် ရသွားပြီ"

လို့ တယောက်တည်း စကားတွေပြောကာ ထွက်လာခဲ့သည်။အိမ်တံခါးဝရောက်တော့ မီးဖိုချောင်ထဲက အမေ့ကို
ပင် အူမြူးမြူးနှင့် လှမ်းပြီး ကျီစယ်လိုက်မိသေးသည်။

"အမေ"

"ဟေ"

"သား ဒီနေ့ ဘယ်လို နေလဲ?ကြည့်ကောင်းရဲ့လား?"

"အေး နင်က ရုပ်ရည်ကျ ငါနဲ့ တူလို့ အမြဲတမ်း ချောတယ်"

အမေ့ဆီက စကားသံကြောင့် ကျတော် သဘောကျကာ ရယ်လိုက်မိသည်။အမေ့ကို ဘယ်အချိန် ပြန်မေးမေး၊တရေးနိုး ထမေးလည်း ဒီအဖြေကိုသာ ဖြေမြဲပင် ၊တကယ်လည်း ကျတော်က အမေတူ သား ပင်ဖြစ်သည်။

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now