part 16

6K 253 4
                                    

ကျတော့်ထံပါးဝယ်
အပိုင်း(၁၆)
ကျတော် အိမ်ထဲဝင်လိုက်တာနှင့် အကိုကောင်းကို ပဲ လိုက်ကြည့်နေမိတယ်။ဒီ‌ေန့‌ေတာ့ ခါတိုင်းလို သဝန်တိုမလို့ မဟုတ်ပြန်ပါဘူး။ဦးလေးကြီးနှင့် ချစ်သူဖြစ်သွားပြီး သူ့အိမ်ကို ပထမဆုံးအနေနှင့် ရောက်တာဆိုတော့ စိတ်လှုပ်ရှားပြီး လန့်နေလို့ ဖြစ်သည်။အကိုကောင်းပါ ကျတော်တို့ အနားမှာ ရှိနေရင် ဦးလေးကြီး တယောက် ကျတော့်အပေါ် ဟိုဟို၊ဒီဒီတွေ မလုပ်လောက်ဘူးလို့ တွေးနေမိပြန်သည် ။

အဲ့ဒီလိုတွေသာ တွေးနေတာ အခုထိလည်း ဦးလေးကြီးက ကျတော့်ကို ဘာမှ မလုပ်သေးပါဘူးလေ။

"လာထိုင် အချစ်လေး
ဒီနေ့ ပုစွန်ထုပ်ဆီပြန်ဟင်းချက်တယ်။ဘဲသားနဲ့ အာလူးဟင်းရောပဲ ၊ဂေါ်ရခါးရွက်ကြော်ကိုရော ကြိုက်လား?"

ကျတော့်ပန်းကန်ထဲကို ထမင်းတွေကော်ထည့် ပေးနေရင်းကနေ ဟင်းတွေကိုပါ ကြိုက်မကြိုက် မေးနေပြန်သည်။

အခုလေးတင် ရှက်ရွံ့စိုးထိတ်နေတဲ့ ကျတော်သည် စားပွဲပေါ်ရှိ ဟင်းတွေထဲက သီစုံကုလားပဲချဉ်ရည်ဟင်းကို မျက်စိကျနေပြန်ပြီ။

ထိုင်ခုံမှာ ကျတော်ထိုင်လိုက်တော့ ဦးလေးကြီးက ဘဲသားဟင်းကို အသားဖတ်လေးတွေချည်း နွှာပေးကာ ကျတော့်ပန်းကန်ထဲသို့ ထည့်ပေးပြန်သည်။

ဒီလိုဆိုတော့လည်း ကျတော့်ရင်ထဲမှာ နွေးထွေးပြီး ကြည်နူးလာသလို ခံစားရသည်။ပြည့်စုံစွမ်းရယ် မင်းပဲ ချစ်လှပါချည်ရဲ့ ဆိုပြီး အဖြေကိုတောင် နေ့ချင်းပေးခဲ့တဲ့ လူသားကို ဘာတွေတွေးတွေးပြီး ကြောက်နေခဲ့ရတာလဲ?

ပြီးတော့ မင်းအမြဲတမ်း မလုံတလုံ လိုလို မြင်ဖူးခဲ့ရတဲ့ အဲ့ဒီ ခန္ဓာကိုယ် မိမိမိုက်မိုက်ကြီးကိုလည်း အနီးကပ်မြင်ရမယ့်ဟာ။

ဟင် ငါဘာတွေ တွေးနေတာလဲ?
"အဟွတ် အဟွတ်"

"ဖြည်းဖြည်းစား အချစ်လေး
ဖြည်းဖြည်းစား
ကို ခွံ့ကျွေးရမလား?"

စားပွဲပေါ်မှာ အဆင်သင့်ရှိနေတဲ့ ရေချိုင့်ထဲက ရေတခွက်ကို ငှဲ့ပေးပြီး ကျတော့် ဘက်ကို ပို့ပေးသေးသည်။

ကျွန်တော့်ထံပါးဝယ်(Complete)Hikayelerin yaşadığı yer. Şimdi keşfedin