part 21

5.4K 215 0
                                    

ကျတော့်ထံပါးဝယ်(BL Fic)
အပိုင်း(၂၁)
ဦးလေးကြီး၏ အိမ်ဆီသို့ ပထမဦးဆုံးရောက်သည့်နေ့၌ပင် အမေက မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်သည်။
အကိုကောင်းကလည်း သန့်သန့်ရှင်းရှင်းထားတာပေမယ့် အမေက သူ့ခြေ၊သူ့လက် သာ ဖြစ်ချင်သူမို့ အထားအသို က အစ အကုန် ပြောင်းပစ်သည်။

ကျတော်ကပင် အကိုကောင်းကို ကြားထဲက အားနာရသည်။တောင်းပန်ရသည်။အကိုကောင်းက ပြင်းပြင်းထန်ထန်မတုံ့ပြန်တတ်သူ၊မခံစားတတ်သူမို့သာ တော်သေးသည်။

"အမေ မပင်ပန်းဘူးလားဟင်"?

ဧည့်ခန်းကိုပါ ရှင်းနေတာမို့ ကျတော်က အမေ့ခါးလေးကို ဖက်ကာ တားမြစ်ချင်ပေမယ့် မတားရဲတာကြောင့် မပင်ပန်းဘူးလား?လို့ မေးလိုက်တာ ဖြစ်သည်။

"မပင်ပန်းပါဘူး သားရယ် အိမ်ပုံစံ အထားအသိုဆိုတာ ခဏ၊ခဏ ပြောင်းပေးရတယ်၊မောင်ကောင်းတယောက်တည်း ခြံထဲရော၊အိမ်ထဲရော၊ဈေးဝယ်ရော၊သန့်ရှင်းရေးရော၊အချက်အပြုတ်ရော၊အလျှော်အဖွပ်ရော သားပဲ စဉ်းစားကြည့် မောင်တေဇာစည်သူ ့အိမ်ကြီးက ဒ္လောက်ကြီးတာ သူ့ခမျ ဘယ်လောက်တောင် ပင်ပန်းလိုက်လေမလဲ?"

အမေပြောသလိုဆိုတော့လည်း ဟုတ်နေတာကြောင့် ကျတော့် အခန်းထဲကိုသာ ပြန်ဝင်ပြီး စာပဲရေးနေမိသည်။
ညနေဆို ဦးလေးကြီး ပြန်လာတော့မည်။အခုတလော ဟိုတယ်အပြင် သစ်တော တခုကိုပါ ပျိုး‌ေထာင်နေတာကြောင့် ဦးလေးကြီး မှာ အတော်အားစိုက်ပြီး
လုပ်‌ေနရသည်။

ရောက်ရောက်ချင်း အမေ့အခန်းက အောက်ထပ်မှာ ဖြစ်ပြီး ကျတော့်အခန်းကတော့ အပေါ်ထပ်က ဦးလေးကြီး ၏အခန်းနှင့် မျက်နှာချင်းဆိုင် အခန်းမှာ ဖြစ်သည်။

"ဘာလို့ မျက်နှာချင်းဆိုင် အခန်းမှာ နေရာပေးထားတာလဲ အချစ်လေး သိလား?"

"စာရေးရင် မြင်ကွင်းလှလှလေး မြင်ရအောင်လို့လား ကို"?

ကျတော့် စကားကြောင့် တခါမှ မမြင်ဖူးသော စပ်ဖြီးဖြီး အပြုံးကြီးနှင့် ကျတော့်ကို စိုက်ကြည့်သည်။

"ညကျရင် ကိုယ့်အခန်းဘက်ကို ကူးရလွယ်အောင်လို့လေ အချစ်လေးရဲ့"

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now