part 08

7.2K 306 10
                                    

ကျတော့်ထံပါးဝယ်(BL)
အပိုင်း(၈)
ကျတော် စာပြပြီး အိမ်ကိုပြန်လာတော့ အိမ်ထဲမှာ ဦး‌ေလးကြီး၏ အသံကိုကြားလိုက်ရလေသည်။
ချက်ချင်း ကျတော့် စိုးရိမ်စိတ်ကို နှိုးဆွပေးလိုက်တာက ဦးလေးကြီး ကျတော့်အမေနှင့် တွေ့ပြီး ဘယ်လို စကားတွေ ပြောဖြစ်ကြသလဲ ဆိုတဲ့ မေးခွန်းပင်ဖြစ်သည်။

ကျတော့်အပြောနဲ့တင် ဦးလေးကြီးကိုသဘောကျနေသော အမေက တခုခုသဘောကျသည့် အရိပ်အယောင်ပြလိုက်မှာကို စိုးရိမ်မိသည်။
ဦးလေးကြီးကို အားနာစရာတွေ ဖြစ်ကုန်မှဖြင့် ဟုတွေးကာ အိမ်ထဲသို့ အပြေးကလေး ဝင်လာမိသည်။

အိမ်ပေါက်ဝကိုရောက်တော့ အမေ့ဆီမှာ မုန့်သင်တန်းတက်ချင်ကြောင်း ပြောနေသည့် ဦးလေးကြီးကို အံ့ဩဖွယ်ရာ မြင်လိုက်ရသလို၊အမေ့ဆီ မုန့်သင်တန်းလာတက်သည့် ကျတော့် crush ကိုပါ မြင်လိုက်ရလေသည်။

ကျတော့် crush ကတော့ အရင်နေ့တုန်း ကတည်းက မုန့်သင်တန်း လာအပ်ထားပြီးသားဖြစ်လို့ ဘာမှ စိတ်ထဲ မထူးဆန်းပေမယ့် ဟိုတယ်ပိုင်ရှင် သူဌေးကြီး ဖြစ်‌ပြီး မုန့်သင်တန်းတက်မယ် လို့ ပြောနေသည့် ဦးလေးကြီးကိုတော့ လက်ကို ဆွဲကာ အိမ်ထဲကနေ ခြံထဲကို ထုတ်လာခဲ့ရလေသည်။

ခြံထဲက စားပွဲဝိုင်းလေးထိ တွဲလာပြီးတော့ ထိုင်ခိုင်းလိုက်တော့ ကျတော့်ကို ဘုကြည့် ကြည့်နေလေသည်။

"ဦးလေး အခု ကျတော့် အမေကို နောက်နေတာလား?"

"ဦး က ဒီရုပ် ၊ဒီရည်နဲ့ နောက်စရာလား?"

"အဲ့ဒါဆို ကျတော့် အမေကို လိုက်နေတာလား?"

"ဟေ၊မင်း ဘာတွေ မေးနေတာလဲ?၊ငါက၊ငါက"

"မဟုတ်ရင် ဘာလို့ မလိုအပ်ပဲနဲ့ မုန့်သင်တန်းတက်မယ် လို့ ပြောနေရတာလဲ?"

နေကြာပန်းကောင်လေး၏ မေးခွန်းကြောင့် အစောက ထွက်နေသည့် ဒေါသတွေပင် ကြက်ပျောက်၊ငှက်ပျောက် ပျောက်ကုန်ရလေသည်။ကျတော့် မှာတော့ ဒင်းလေးကို သဝန်တွေတိုပြီး ပေါက်ကွဲလိုက်ရတာ သူလေးက အိမ်အပြင်ကို လက်ဆွဲပြီး ခေါ်ထုတ်လာတုန်းကလည်း ဒေါသတွေ ထွက်လိုက်ရတာ
သူကဖြင့် ကျတော့်ကို သူ့အမေနှင့် ထင်နေသေးသည်။ဒါမျိုးတော့ ဖြင့် အထင်လွဲလည်း မခံနိုင်သလို၊ကျတော် သဝန်တိုကြောင်းလည်း သူသိအောင် ပြရပေမည်။
ပြီးတော့ သူလေးကိုလည်း အခုကစပြီးလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။

ကျွန်တော့်ထံပါးဝယ်(Complete)Where stories live. Discover now