" ဟိတ်ကောင်မလေးနှစ်ယောက် စာမလုပ်ဘဲ တိုးတိုး တိုးတိုးနဲ့ ဘာတွေ ပြောနေကြတာလဲ။ နင်တို့နှစ်ယောက်အသံ ငါ့အခန်းကတောင် ကြားရတယ်။ "
ကာရံညီညာ၏ အသံကို ကြားတော့ အခန်းထဲက အမွှာနှစ်ယောက်၏ အသံက ချက်ချင်း တိတ်သွားသလို ခေါင်းလေးတွေလည်း ငုံ့သွားကြသည်။တစ်နှစ်ပဲ အသက်ပိုကြီးတဲ့ အစ်ကိုဆိုသော်ငြားလည်း ကာရံညီညာ့ကို ခင်မီဇော်နဲ့ခင်မီကျော်က ကြောက်ပါသည်။
" ဟုတ် "
" လူတွေကဖြင့် ကိုးတန်းရောက်နေပြီ။ အခြေခံပါအောင် စာသေချာ လုပ်မယ်မရှိဘူး။ ယောကျ်ားလေး အကြောင်းတွေ ပြောနေတယ်။ နောက်တစ်ခါဆို အဖေနဲ့အမေကို တိုင်ပြောမယ်။"
ကာရံညီညာက ညီမဖြစ်သူတွေ ဘာအကြောင်း ပြောနေသလဲ သူသိသည်ဆိုတဲ့အကြောင်းပါ ထည့်သွင်းပြောလိုက်သည်။ ဒီကောင်မလေးတွေ ပြောပြောနေတဲ့ ကောင်လေးကို သူမသိသည်မဟုတ်ပါ။ Private Schoolတစ်ခုလုံးမှာ နာမည်အကြီးဆုံး စိုင်းစွမ်းထက်ပိုင်ဆိုတဲ့ ရှမ်း၊ဗမာ ကပြားလေးကို မသိရင်သာ ထူးဆန်းလိမ့်မည်။ နောင်ချိုကနေ မန္တလေးကို ပြောင်းလာတဲ့ ရုပ်ရှိရေလျှံကောင်လေး။လာကြိုသည့် ကားကတောင် တစ်ပတ်နှစ်မျိုးလောက် ပြောင်းသည်။ Private School ၏ Founderနဲ့ တူဝရီး အရင်းကတော်သေးသည်။ ကိုးတန်းအရွယ်နဲ့ မလိုက် ရှည်လျားသော အရပ်ကြီးကြောင့် ကာရံညီညာတို့လို ဆယ်တန်းကျောင်းသားတွေကြားထဲတောင် နာမည်ကြီးသည်။
" ညီမလေးတို့ သူငယ်ချင်း အကြောင်းပြောနေတာပါ။ သူက ဒီနေ့ ... "
" ယောကျ်ားလေးနဲ့ အပေါင်းအသင်း မလုပ်နဲ့။ မိန်းကလေးက မိန်းကလေး သူငယ်ချင်းရှိရင် တော်ပြီ။တစ်နှစ်၊တစ်နှစ်နဲ့ မိဘတွေက ကျောင်းထားရတာ မလွယ်ဘူး။ "
ကာရံညီညာက စကားဖြတ်ပြောလိုက်သည်။
" ဟုတ် "
နံရံလေးသာ ခြားတဲ့ တစ်ဖက်အခန်းက နှစ်ယောက်က အသံတိုးတိုးလေးသာ ပြန်ဖြေပြီး ငြိမ်သွားကြသည်။ကာရံညီညာက Physics စာအုပ်ကို ထုတ်လိုက်ပြီးမှ အကြမ်းစာအုပ်ကို စားပွဲပေါ်တင်ကာ Physics Chapter5 စတွက်တော့သည်။ စာတော်သော ကျောင်းသားမဟုတ်သော်ငြား ဂုဏ်ထူးနှစ်ဘာသာလောက်တော့ ပါအောင် ဖြေချင်ပါသည်။
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023