စာမေးပွဲကြီးက နီးနေပြီမို့ အမှတ်ပြည့်လိုချင်တဲ့ ကလေးတွေအတွက် အပိုကြည့်သင့်တဲ့ စာလေးတွေကို ကျောင်းကဆရာမတွေက ည၁ဝနာရီလောက်မှ Chat Boxကတစ်ဆင့် နည်းနည်းချင်းဆီ ပို့ပေးသည်။ကျန်တဲ့အချိန်တွေက အရေးကြီးတဲ့ ဂုဏ်ထူးမှတ်စာတွေ ကြည့်ချိန်ပေးထားသည်။ ကာရံညီညာက ဖုန်းကို ဒီအချိန်လေးပဲ အချိန်ပိုင်းကိုင်တာ။ မနက်က မေ့ပြီး ကျောင်းကို ဖုန်းပါလာခြင်းသာ။
အိပ်ယာပေါ် ပက်လက်လေးလှန်ပြီး ဆရာမပို့ပေးလာတဲ့ သင်္ချာကို ကြည့်နေတုန်း message ဝင်လာသည်။ Friend လည်း မဟုတ်ပါဘဲ messageပို့နေတာ။
' Hi '
User Nameမှာ စိုင်းစွမ်းထက်ပိုင်လို့ ပါလာမှတော့ ချက်ချင်း Blockပစ်လိုက်သည်။ Friendတောင် မဖြစ်ရသေးဘဲ Blockခံလိုက်ရသော စိုင်းစွမ်းထက်ပိုင်ပါပဲ။
' စိမ်းကား( ခါး) တယ်နော် ကြက်ဟင်းခါးသီးပဲ'
နောက်Accတစ်ခုနဲ့ လာပို့ပြန်သည်။ ဒါလည်း ကာရံညီညာက ထပ်Blockလိုက်တယ်။
' Account နှစ်ခု၊သုံးခုပဲ ရှိတယ်ထင်နေတာလား။ '
Blockနေလည်း နောက်ထပ် accountပေါင်းများစွာနဲ့ လာနေဦးမှာ သိလို့ စာအပုဒ်မှတ်တာ အနှောက်အယှက်ဖြစ်မှာ စိုး၍ ကာရံညီညာက စာပြန်လိုက်သည်။
' Hi '
' ပြန်Hi တယ်ပေါ့လေ။ နောက်သုံးနှစ်လောက်နေရင် ဒီအကြောင်းပြန်ပြောရမယ်။ Chat boxမှာ Hiတစ်လုံးကနေ စ,လိုက်တဲ့ ဇာတ်လမ်းကနေ အတွဲတွေ ဖြစ်သွားကြတာပေါ့။ အခုတော့ ရည်းစားသက်တမ်း နှစ်နှစ်တောင် ရှိခဲ့ပြီ ဆိုပြီးလေ။ '
ကာရံညီညာက စာကို ဖတ်လိုက်ရင်း လှစ်ခနဲ ပြုံးမိသွားသည်။ ဒီကောင်စုတ်လေး မဟုတ်တာတွေ ပြောမယ်ဆို ထိပ်ဆုံးကပဲ။
' မင်း ငါ့ကို လာနှောက်ယှက်နေမှာ သိလို့ စာပြန်တာ။ '
'ခုနက Accountတွေက အခုလေးမှ ဖွင့်ထားတဲ့ Spam Accountတွေ။ Blockခံရမှာမှန်းသိလို့ အဲ့ဒီAccountတွေနဲ့ သေချာ မျှားထားတာ။ ဒါကမှ Real Account'
တတ်လည်းတတ်နိုင်ပါပေတယ်လို့ ကာရံညီညာ့စိတ်ထဲမှ ပြောလိုက်သည်။ စိုင်းစွမ်းထက်ပိုင်ဘက်က Typingပေါ်နေတော့ ကာရံညီညာက စာကို ခပ်သွက်သွက် ရိုက်ပို့လိုက်သည်။
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023