ကျောင်းပိတ်ရက်မို့ ကာရံညီညာက နံနက်အစောထကာ စာကြည့်ပြီး ရှစ်နာရီလောက်မှ နံနက်စာ စားဖို့အတွက် ထွက်လာသည်။နီးနီးနားနား Mini Martလေးကို သွားလိုက်ပြီး ကြက်သားပေါက်စီ နှစ်လုံးနဲ့ မေမြို့နှပ်ကော်ဖီတစ်ခွက် မှာလိုက်ကာ ဆိုင်ထဲမှာ ခင်းကျင်းအလှဆင်ထားတဲ့ နေရာလေးမှာ ထိုင်စားလိုက်သည်။ မှန်အကြည်ကာထားတာမို့ အပြင်ဘက်ကိုလည်း ငေးရင်း အနားယူပြီး နံနက်စာ စားသည်။
" တိုက်ဆိုင်လိုက်တာနော်။ "
ကာရံညီညာက ပေါက်စီကို ပါးလေးတစ်ဖက်မှလည်း ငုံထားရင်း နောက်ထပ်လည်း တစ်ကိုက် ကိုက်ထားရင်းမှ မော့ကြည့်သည်။ပါးဖောင်းဖောင်းလေး ဖြစ်နေတော့ ချစ်စရာလေး။ ကျောင်းပိတ်ရက်မို့ ရှပ်အကျီအနီအပွကြီးနဲ့ ဒူးနဲ့ကွက်တိ ဘောင်းဘီအနက်လေး ဝတ်ထားသည်။
" ငါတော့ တိုက်ဆိုင်တယ် မထင်ပါဘူး။ "
စိုင်းစွမ်းထက်ပိုင်က ပါးချိုင့်ရှည်ရှည်လေး ထင်းနေအောင် ပြုံးလိုက်ပြီး ကာရံညီညာ့ဘေးမှာ ဝင်ထိုင်သည်။အနားကပ်လာတာနဲ့ အမွှေးနံ့က ရနေသည်။
" ရေမွှေးနံ့တွေ မွှေးအီနေတာပဲ။ "
" ဒါက ကိုယ်သင်းနံ့လို့ ခေါ်တယ်ကွ ကိုယ်သင်းနံ့။ ရေမွှေး လုံးဝမဆွတ်ထားဘူး။ ကျောင်းသွားရင် အမြဲတမ်း သုံးဖြစ်တော့ အနံ့စွဲနေတာနေမှာ။ ဒီအနံ့ကြိုက်တယ်မလား။ ကြိုက်ရင် ကျွန်တော့်ကိုဖက်ထားလိုက်။ဖက်နေကြ ဖြစ်သွားရင် အစ်ကို့ကိုပါအနံ့စွဲသွားလိမ့်မယ်။ "
ကာရံညီညာက ကော်ဖီတစ်ငုံ သောက်လိုက်သည်။ ဒီလို ကျောင်းပိတ်ရက်ကြီးမှာတော့ စိုင်းစွမ်းထက်ပိုင်နဲ့ တွေ့ရမယ်လို့ ထင်မထားပါ။
" မင်းကဒီဘက်ထိ ဘာလာလုပ်တာလဲ။ "
" လူပျိုလာလှည့်တာ။ "
ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို ကြည့်ပြီးမှ ပြောလိုက်သည်။
" လူကဖြင့် အမွှေး၊အတောင် ,တောင် မစုံသေးဘဲ စကားပြောရင် ဒီစကားချည်းပဲ။ "
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023