7

86.5K 6.3K 609
                                    

ကိုယ်ပိုင်အထက်တန်း​ကျောင်းက ပြုလုပ်တဲ့ ပညာ​ရေး စုံညီပွဲ​တော်ကို ​ကျောင်းမှာ မလုပ်ဘဲ ​ကျောင်းနားက ခန်းမကိုသာ အချိန်ပိုင်းငှားကာ ကျင်းပသည်။ ကာရံညီညာက ပုံမှန်လိုပဲ ​ ဝတ်ထား​ပေမယ့် ဒီ​နေ့မှ ဆံပင်​လေးကို ​ဘေးခွဲခွဲထား​တော့ မျက်နှာ​​လေးက ရှင်း​နေသည်။ မျက်လုံးဝိုင်းဝိုင်း​လေးက ပိုပြူး​နေသလို​လေး။နှုတ်ခမ်းနီတာရဲ​လေးက စုစု​ထွေး​ထွေး ရှိ​နေကာ ​ဘေးက သူငယ်ချင်း​တွေနဲ့ စကား ​ပြော​နေသည်။ခုံ​တွေ အတန်းလိုက်စီထားပြီး ​ရှေ့ဆုံးငါးတန်းက ဆယ်တန်း​တွေချည်းပဲ။ ​နောက်အတန်း​တွေမှာသာ ကိုးတန်း​တွေ ထိုင်ရသည်။

" စိုင်း​လေး ... မင်းအရပ်ကြီးနဲ့ အ​နောက်က သူငယ်ချင်း​တွေ ကွယ်​နေတယ်​လေကွယ်။ ​နောက်ဆုံးခုံ ​ပြောင်းထိုင်စမ်းဟယ်။ "

​​ဒေါ်​ဝေ​ဝေက တူဖြစ်သူကို လာ​ပြောသည်။ ကိုးတန်း​တွေထဲ စိုင်းစွမ်းထက်ပိုင်က လူထွားကြီး ဖြစ်​နေကာ အနည်းငယ် လူ​ကောင်ညှပ်တဲ့ က​လေး​တွေကို ကွယ်ထားသလို ဖြစ်​နေသည်။
" အန်တီ​ဝေကဗျာ ... သားဒီမှာ ​နေရာတကျဖြစ်​နေတာကို ... မမြင်တဲ့​ကောင် ​ခြေဖျား​ထောက်ကြည့်​လေ။ သူတို့ဘာသာ ငယ်ငယ်က အိုဗာတင်း မ​သောက်ခဲ့တာ။ သားက ဘာလို့ဖယ်​ပေးရမှာလဲ။ "

" ဟဲ့ ​ကောင်​လေး။ ငါ​ပြော​နေတယ်မလား။ သွားသွား... အခြားကြိုက်တဲ့​နေရာ သွားထိုင်ချည်။ "

စိုင်းစွမ်းထက်ပိုင်က ပြူးပြူးပြာပြာနဲ့ ​မေးလာသည်။

" ကြိုက်တဲ့​နေရာလား။ အန်တီ​ဝေ ​ပြောတာ​နော်။ "

" ​အေး "

စိုင်းစွမ်းထက်ပိုင်က ချက်ချင်းပင် ​ကော်ခုံကို မ, ပြီး ဆယ်တန်း​တွေထိုင်​နေတဲ့ ​ရှေ့ဆုံးထိ သွားကာ ခုံကို​ကာရံညီညာ့အ​ရှေ့မှာ နေရာချသည်။

" တီချယ်လ်​ဝေက ​နေရာ​ရွှေ့​ပေးလိုက်တာ။ဒီဘက်က အစ်ကိုဖယ်​ပေး။ "

ကာရံညီညာ့ ​ဘေးက တစ်​ယောက်ကို ဂုတ်က မ, ဆွဲမလို​တောင် စိုင်းစွမ်းထက်ပိုင်က ​နေရာ​ရွှေ့သည်။ ​နေရာ​တွေက သူ့​နေရာနဲ့သူ အံကိုက်ဖြစ်​နေကာ ဆုရတဲ့ အစဥ်လိုက် လူစီထားတာမို့ ​နေရာက ဖယ်မရဘူး။ ဂျစ်ကပ်ကပ်လုပ်​နေတဲ့ ဆယ်တန်း​ကောင်​ကြောင့် စိုင်းစွမ်းထက်ပိုင်က မတ်တပ်ရပ်​နေရပြီး ခါးကိုင်းထားရသည်။ ဆံပင်ပုံစံအသစ်​လေးနဲ့ ကာရံညီညာ့ကို ​ငေးမလို့ပါဆိုမှ ​ဘေးကရုက္ခစိုးက ​ပြောရဆိုရခက်​နေတာ။

First Love , Perfect Love (Completed)Tahanan ng mga kuwento. Tumuklas ngayon