16

95.3K 6.4K 604
                                    

ဒီ​နေ့တစ်​​နေ့လုံး စိုင်းစွမ်းထက်ပိုင်ဘက်က ကာရံညီညာ့ကို ဖုန်း​ခေါ်​နေတာ အခါနှစ်ဆယ်​ကျော်သွားပြီ။​နေ့လယ်ဘက် ရုပ်ရှင်သွားကြည့်ဖို့ ချိန်းချင်တာ​ပေမယ့် ကာရံညီညာက တစ်ကြိမ်မှ ဖုန်းမကိုင်​သေးဘူး။​နေ့လည် နှစ်နာရီ ထိုးခါနီးမှ ကာရံညီညာက ဖုန်းကိုင်လာသည်။

' အစ်ကို ... ဘာလို့ဖုန်း​တွေ မ​​ဖြေတာလဲ။​နေများမ​ကောင်းလို့လားလို့ စိတ်ပူသွားတာပဲ။ '

ကာရံညီညာက ​လေသံခပ်အုပ်အုပ်နဲ့ ခပ်တိုးတိုး​လေး ​ဖြေလာသည်။

' အင်း ... ငါ​နေ​ကောင်းတယ်။ဘာမှမဖြစ်ဘူး။ ခင်မီ​ကျော် ​ဆေးရုံတက်နေရလို့ ဖုန်းမကိုင်ဖြစ်တာ။ '

ကာရံညီညာ ကျန်းကျန်းမာမာရှိမှန်း သိရ​တော့ စိုင်းစွမ်းထက်ပိုင် စိတ်​အေးရပါသည်။ကိုယ့်ချစ်မြတ်နိုးရသူ၏ မိသားစုဝင် တစ်​ယောက် မကျန်းမာ ဖြစ်​နေ​တာ ကြားရပြန်​​​တော့လည်း တတ်နိုင်သမျှ အကူအညီ ​ပေးချင်ပါသည်။

' ဟုတ်လား ... ဘယ်​ဆေးရုံလဲ။ ဘာဖြစ်လို့​ဆေးရုံ တက်ရတာလဲ။အကူအညီ လိုတာများရှိလား။ ဘာ​တွေ ကူညီ​ပေးဖို့ လိုအပ်လဲ။ ကိုယ့်မှာ ဆရာဝန်အသိ​တွေ အဆက်အသွယ် ​ကောင်း​ကောင်းရှိတယ်။ '

ကာရံညီညာ့၏ အသံခပ်တိုးတိုးက ထပ်ထွက်လာသည်။

' မနက်ကမှ ဖြူဖပ်ဖြူ​လျော်နဲ့ ​နေမ​ကောင်း စဖြစ်​တာ။ ​ဆေးရုံ​​ရောက်တာ နာရီပိုင်း​တောင် မရှိ​သေး​တော့ ဘာဖြစ်လဲ မသိရ​သေးဘူး။ ​ဆေးရုံက ... "

' အင်း ... အဲ့ဒီ​ဆေးရုံမှာ ကိုယ့်မိဘ​တွေနဲ့ အသိ​တွေရှိတယ်။ ကိုယ်လာခဲ့မယ်။ ဘာဝယ်လာခဲ့​ပေးရမလဲ။ '

' ရတယ် ... မလိုဘူး။ '

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို နှုတ်ဆက်ပြီးမှ ဖုန်းချလိုက်သည်။ ​နောက်ဆုံးအတန်းချိန်ကို ပြီးသည်အထိ တက်ပြီးမှ ​လမ်းမှာရှိတဲ့ Centerမှ မုန့်နဲ့အချိုရည်​တွေ ဝယ်လာခဲ့လိုက်သည်။

စိုင်းစွမ်းထက်ပိုင် ​ရောက်လာ​တော့ ​ဆေးရုံအခန်း No.8 ,Khin Mi  Kyawလို့​ရေးထားသည့် အခန်းအ​ရှေ့ကခုံမှာ ကာရံညီညာ တစ်​ယောက်ထဲ ထိုင်​နေတာ​တွေ့သည်။ဂျင်း​ဘောင်းဘီအကြပ်​လေးနဲ့ လက်ရှည်အဖြူဖားဖားကြီး ဝတ်ထားတဲ့ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ မျက်လုံးထဲမှာ ချစ်ခင်ဖွယ်ရာ အသည်းညှာ​လေးပါပဲ။

First Love , Perfect Love (Completed)Where stories live. Discover now