Double Updateပါ
" ဒီဖိနပ် တော်လား စီးကြည့်။ "
ကာရံညီညာက အိမ်ထဲက ဖိနပ်ဗူးလေး ယူလာပြီး ဖိနပ်ထုတ်ပေးသည်။ စိုင်းစွမ်းထက်ပိုင်၏ ခြေထောက်က အလျားရှည်ပြီး ခြေချောင်းတွေကလည်း ရှည်ရှည်သွယ်သွယ် ဖွေးဖွေးလေးတွေ။
" ဟင်း... ကြက်ပေါင်ဖိနပ်ကြီး "
စိုင်းစွမ်းထက်ပိုင်က နှုတ်ခမ်းဆူကာ ပြောလာတော့ကာရံညီညာက ပြုံးလိုက်သည်။
" စီးမလား ။ မစီးဘူးလား။ ဖိနပ်အပိုက ဒါနဲ့ ရေချိုးစီးဖိနပ်ပဲရှိတယ်။ "
" ကပ်စေးနဲလိုက်တာ။ "
စိုင်းစွမ်းထက်ပိုင်က အပြာရောင် ဖိနပ်သဲကြိုးနဲ့ ထိုကြက်ပေါင်ဖိနပ်ကိုပဲ စီးလိုက်သည်။ခြေစွပ်ဖိနပ်ကြောင့် ခြေသန်းတွေမှာ ပွန်းထားတာမို့ ဒီဖိနပ်နဲ့မှ သက်တောင့်သက်သာ ဖြစ်သွားသည်။
" သူငယ်ချင်းကို အိမ်ထဲခေါ်ခဲ့လေ။ "
ဒေါ်ခင်ချိုက ဟင်းချက်နေရင်းမှ လှမ်းအော်သည်။ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို ပြန်ခိုင်းမလို့ပေမယ့် ဒင်းက အိမ်ထဲတောင် ဝင်သွားပြီ။
" ကော်ဖီလေး ဘာလေး ဖျော်တိုက်လိုက်လေ သားရယ်။ "
" သူအခုမှ အသီးဖျော်ရည်သောက်လာတာ။ "
ဧည့်ခန်းနဲ့ မီးဖိုချောင်က အတန်းလိုက်ကို တံခါးချပ်လေးသာ ကွာခြားတာကြောင့် အကုန်မြင်နေ၊ကြားနေရသည်။ဒေါ်ခင်ချိုက သဘောကောင်းပုံပါပဲ။ ခပ်ချောချောပင်။ကာရံညီညာနဲ့ ဆင်သည်။
" သား ဘာကော်ဖီသောက်မလဲ။ ဘာသောက်မလဲသာ မေးရတာ အိမ်မှာတော့ ဆန်းဌေးပဲရှိတာ။ "
" ဆန်းဌေးက ဘယ်သူလဲ။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို မေးလာသည်။အိမ်မှာ ခိုင်းဖို့ခေါ်ထားတဲ့လူလား ဘာလားပေါ့။
" Sundayကိုပြောတာ။အမေက စ,နောက်ပြီး အဲ့လိုခေါ်တာ။ငါ့အမေက မင်းနဲ့တူတယ်။ ပျော်တတ်တယ်။ "
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023