" စိုင်းစွမ်း နေမကောင်းဘူးလား။ "
နေ့လယ်စာ ထမင်းစားပွဲမှာ စိုင်းစွမ်းထက်ပိုင်က ငူငူကြီးထိုင်နေတော့ ဒေါ်နန်းခမ်းလွင်က မေးလာသည်။ ဒီတော့မှ စိုင်းစွမ်းထက်ပိုင်က ဇွန်းကောက်ကိုင်ပြီး တိုဟူးတစ်ဖက်ကို ပါးစပ်ထဲ ထည့်လိုက်သည်။
" ကောင်းပါတယ်ဗျ။ "
" ဒဏ်ရာအရှိန်ကြောင့် ဖျားချင်နေတာနေမယ်။ အပြင်ဆိုက်ဆိုတော့ အလုပ်ထဲက နေပူတယ်။ သား နေလို့ သိပ်မကောင်းရင် သား အဖေကို လွှတ်လိုက်လေ။ "
" နေကောင်းပါတယ်။ အလုပ်က အပြန် အစ်ကို့ကို တွေ့ဖို့ ချိန်းကြည့်ဦးမယ်။ "
" ကာရံလည်း အခြေအနေ သိပ်မကောင်းလောက်ဘူး။ ကိုယ်ဖြစ်ချင်တာတွေပဲ အတင်းဖိအားပေးမနေနဲ့။ ဟိုက လူကောင်သေးသေး ပိန်ပိန်လေးနဲ့ ဖိအားတွေများပြီး လဲသွားဦးမယ်။နှစ်ယောက်အတူ သေချာလေး တိုင်ပင်ပြီး ဘာဆက်လုပ်မလဲ တွေးကြ။ လိုအပ်ရင် သူမိဘတွေကို အမေတို့ သွားတွေ့ပေးဆိုလည်း သွားတွေ့ပေးမယ်။ "
" ဟုတ်ကဲ့ "
စိုင်းစွမ်းထက်ပိုင်က ထမင်းစားချင်စိတ် မရှိပေမယ့်လည်း မိဘတွေကို စိတ်မပူစေချင်တာကြောင့် အတင်းမြိုချနေရသည်။
" ငါ့ကောင်ကြီး အသည်းကွဲနေတယ်ဆို။ "
စိုင်းရတုဟန်က ထမင်းစားခန်းထဲ ဝင်လာကာ စိုင်းစွမ်းထက်ပိုင်၏ ပန်းကန်ထဲမှ ဝက်သားမုန်ညင်းကြော်ကို ယူစားရင်း လက်တစ်ဖက်က စိုင်းစွမ်းထက်ပိုင်ကို ဖက်ထားရင်းမှ ပြောလာသည်။
" အသည်းကွဲရအောင် အစ်ကိုက ငါ့ကို ပစ်သွားတာမှ မဟုတ်တာ။ "
" ပစ်မသွားတာတောင် တက်ကြွတဲ့ ကြက်ဖကြီးက ကြက်ပေါက်ကလေး လည်လိမ်ထားသလို ဖြစ်နေပါ့လား။အရင်လိုတောင် ပွဲတိုင်းမကျော်နိုင်တော့ဘူး။ အဲ့ဒါပဲ အချစ်ကို အလေးအနက်ထားတဲ့သူတွေရဲ့ ဒုက္ခ။ "
စိုင်းစွမ်းထက်ပိုင် စိတ်အခြေအနေ မကောင်းတာကြောင့် စိုင်းရတုဟန်က စကားပြောဖော်ရအောင် ရောက်လာပေးခြင်း ဖြစ်သည်။ဆောက်လုပ်ရေးအင်
ဂျင်နီယာ လုပ်ငန်းကိုစိတ်မဝင်စားပေမယ့် သင်ယူခဲ့တာမို့ စိုင်းရတုဟန်လည်း လုပ်ငန်းပိုင်း ကျွမ်းကျင်တာကြောင့် အလုပ်လည်း ကူညီပေးလို့ရသည်။

DU LIEST GERADE
First Love , Perfect Love (Completed)
SonstigesMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023