" စိုင်းစွမ်း "
ကာရံညီညာက ခပ်တိုးတိုးလေး ခေါ်လိုက်သည်။စိုင်းစွမ်းထက်ပိုင်၏ မျက်နှာက ခေါင်းအုံးထဲ ပိုမိုနစ်ဝင်သွားပြီး လှည့်ကြည့်မလာဘူး။
" အဝတ်အစားကို မကြိုက်ဘူးလား။ "
" မကြိုက်တာ မဟုတ်ရပါဘူး။ ဒီတိုင်း ... "
ကာရံညီညာက နူးညံ့စွာ တစ်ချက်ခိုးပြုံးလိုက်ပြီးမှ ကုတင်ပေါ် ဒူးထောက်တက်ကာ ဝမ်းလျားမှောက်အိပ်နေသော စိုင်းစွမ်းထက်ပိုင်၏ ကျောပေါ် လက်ညှိုးနဲ့လက်ခလယ်လေးကို သုံးကာ လမ်းလျှောက်သလို ခပ်ဖွဖွလေး တက်သွားသည်။လည်တိုင်နားရောက်မှ ခပ်ဖွဖွလေး ပြန်ဆင်းသည်။
" သူတို့က ပြောနေတယ်။ စိတ်မဆိုးပါနဲ့တဲ့။ "
ကျောပေါ်က ခပ်ဖွဖွ အထိအတွေ့ကြောင့် စိုင်းစွမ်းထက်ပိုင်က အသည်းယား၊အူယားနေပေမယ့် မျက်နှာကတော့ လှည့်မလာဘူး။ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ နီရဲနေသော ညာဘက်နားရွက်နားကို လက်ချောင်းထိပ်လေးနဲ့ တို့ထိကာ ခပ်တိုးတိုး ပြောသည်။
" မင်းက ငါ့ချစ်သူ ငါ့ကောင်လေးပါ။လူကြီးက မေးလာတော့ အဲ့လိုကြီး ဖြေလိုက်ရင် မကောင်းဘူးလေ။ အခြားအကြောင်းမရှိပါဘူး။"
" သူငယ််ချင်းလို့ ပြောရင်လည်းရနေတာပဲ။ "
စိုင်းစွမ်းထက်ပိုင်က အသံခပ်သြသြနဲ့ ပြန်ဖြေလာသည်။ စကားပြန်လာပြီဆိုတော့ စိတ်ဆိုးပြေပြီပေါ့။
" ဆိုတော့ ... စိတ်မဆိုးတော့ဘူးပေါ့။ "
" စိတ်မဆိုးပါဘူး။ စိတ်မကောင်းဖြစ်သွားတာ။ ကျွန်တော့်ဘာသာ ... "
ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို အနောက်ကသိုင်းဖက်ပြီး စိုင်းစွမ်းထက်ပိုင်၏ ကျောပြင်ပေါ် မျက်နှာလေးကပ်လာသည်။ကာရံညီညာ၏ လက်သေးသေးလေးတစ်ဖက်ကို စိုင်းစွမ်းထက်ပိုင်၏ ခပ်ကြီးကြီးနဲ့ သွေးကြောထင်းနေတဲ့ လက်က ထပ်အုပ်ကိုင်လာသည်။
" မောင်လို့ ခေါ်ရမလား။ "
" ဟမ် "
စိုင်းစွမ်းထက်ပိုင်က ချက်ချင်းပင် လည်ပင်းလိမ်ကာ နောက်ကိုလှည့်ကြည့်သည်။
![](https://img.wattpad.com/cover/333989590-288-k539832.jpg)
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023