32

105K 5.8K 1.2K
                                    

" စာဖတ်ပျင်းတာမလား။ လာ ...ကျွန်​တော်ဖတ်ပြ​ပေးမယ်။ "

​ရေချိုးခန်းထဲမှ ထွက်လာတဲ့ စိုင်းစွမ်းထက်ပိုင်က ကုတင်​ပေါ်​ ထိုင်​နေ​သော ကာရံညီညာ့၏ လက်ထဲက စာအုပ်ကို ဆွဲယူလိုက်ရင်း ​ပြောသည်။ကာရံညီညာက စာအုပ်ထူထူ​လေး​လေးကြီးကို ပြန်ဆွဲထားရင်းမှ

" ငါ့ဘာသာပဲ ဖတ်မယ်လို့ " ပြန်​ပြောတယ်။

" အရင်ရက်ကတည်းက စာမျက်နှာ တစ်ရာ​ကျော်။ အခုလည်း တစ်ရာ​ကျော်ပဲ​ရှိ​သေးတယ်။ "

ကာရံညီညာက မျက်နှာ​လေးအနည်းငယ် မဲ့ပြီးမှ ​ပြောသည်။

" ဘာဆက်ဖြစ်မလဲ အရမ်းသိချင်​ပေမယ့် ဆယ်မျက်နှာ​လောက် ဖတ်ပြီးရင် ငိုက်ကျလာတာ။စာအုပ်က ထူထူ​လေး​လေးကြီးဆို​တော့ ​ခေါင်းငုံ့ဖတ်​တော့ ဇက်​ကြော​တွေလည်း နာတယ်။ "

စိုင်းစွမ်းထက်ပိုင်က ပြုံးလိုက်ပြီးမှ ကာရံညီညာ့လက်ထဲက 'လင်္ကာဒီပချစ်သူ' စာအုပ်ကို လက်ထဲ​ပြောင်းယူကာ ကုတင်​ပေါ် ထိုင်လိုက်သည်။

" ငါ့ဘာသာပဲ ဖတ်ပါ့မယ်။ မင်းလည်း တစ်​နေကုန် အလုပ်ပင်ပန်းထားတာပဲ။ ​သေချာနား​လေ။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့​ခြေ​ထောက်​တွေကို တင်ပလ္လင်​ခွေ​ပြောင်း​ပေးပြီးမှ ကာရံညီညာ့၏ ​ပေါင်​ပေါ်​ခေါင်းအုံးလိုက်ပြီး စာအုပ်အထူကြီးကို ကျကျနန ​သေချာကိုင်သည်။

" ဒါလည်း အနားယူ​​နေတာပဲကွ။ "

"ငါဘာသာလည်း ရပါတယ်ဆို  "

" တင်ပလ္လင်​ခွေတာ ​​ညောင်းရင် ​ပြော​နော်။ ​ခေါင်းအုံး​​ပေါ် ​ပြောင်းအိပ်လိုက်မယ်။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ​ရောက်​နေတဲ့ စာမျက်နှာ​လေးကို လှန်လိုက်ပြီးမှ တစ်​ကြောင်းချင်း ​သေချာဖတ်ပြသည်။ ကာရံညီညာက ကုတင်​ပေါ် ဖြစ်သလို ချထားတဲ့ တဘက်အဖြူ​လေးကို ယူလိုက်ပြီး ​ရေမ​ခြောက်​သေးတဲ့ စိုင်းစွမ်းထက်ပိုင်၏ ဆံပင်​တွေကို ခပ်ဖွဖွ သုတ်​​ပေးသည်။ဆံပင်​ဘေးဘက်​တွေ လက်​ရောက်သွားရင် ​ပြောစရာမလိုဘဲ စိုင်းစွမ်းထက်ပိုင်က ​ရေသုတ်လို့အဆင်​ပြေ​အောင် ​ခေါင်းကို ​နေ​ရာ​ရွှေ့​ပေးသည်။

First Love , Perfect Love (Completed)Where stories live. Discover now