စိုင်းစွမ်းထက်ပိုင် အခန်းထဲ ဝင်လာတာ မြင်သည်နှင့် ခင်မီဇော်တို့ ညီအစ်မနှစ်ယောက်က စာကြည့်ချင်ဟန်ဆောင်တော့သည်။ စိုင်းစွမ်းထက်ပိုင်က အပေါ်က ရှပ်အကျီအဖြူလက်ရှည်ကို လက်အနားတွေမှာ နှစ်ချက်လောက်ခေါက်ထားသည်။ဘယ်ဘက်လက်ကောက်ဝတ်မှာ ပလက်တီနမ် ဟန်းချိန်းကြိုးလေးဝတ်ထားပြီး အဲ့ဒီလက်မှာပဲ နာမည်ကြီးတံဆိပ် နာရီအညိုရောင်လေး ပတ်ထားသည်။အထင်တန်းစား သခင်လေးပုံစံအပြည့်ပင်။
" နင်တို့အစ်ကို ငါ့ရဲ့ကာရံလေးက ဒီနေ့ကျောင်းမလာဘူးလား။ ငါက အိပ်ရေးပျက်ခံပြီး နှစ်လမ်းကျော်မှာ ရပ်စောင့်နေတာ အကြာကြီးပဲ။ "
သူမတို့ နှစ်ယောက်ဘေးမှာ နံရံကို ခပ်လျောလျော မှီကာ ခုံကို ခြေထောက်နဲ့ ထောက်ကန်ထားရင်း စိုင်းစွမ်းထက်ပိုင်က မေးလိုက်သည်။
" အင်း ... "
" ဘာလို့လဲ။ နေမကောင်းဘူးလား။ အရမ်းဖျားနေတာလား။ သက်ရောသက်သာရဲ့လား။ "
ခင်မီဇော်က မျက်မှောင်ကုပ်ကာ ကြည့်လာသည်။ မေးခွန်းတွေ များသည်ကို။
" အဘွားနှစ်နှစ်ပြည့်မို့။ "
"နင်တို့ အဘွားက ငယ်သေးတယ်နော်။ "
" ဟဲ့ ... "
ခင်မီဇော်က စားပွဲခုံကို ရိုက်လိုက်ပြီး အော်လိုက်သည်။
" စတာပါ။ နင်တို့က ငါဝင်လာထဲက ကောင်းကောင်းမှ စကားမပြောတာ။ "
ခင်မီဇော်နဲ့ ရုပ််ချင်းတူတဲ့ ခင်မီကျော်က နှုတ်ခမ်းရွဲ့သည်။
" နင့်မြင်ရင်ကို ငါတို့ကရင်ခုန်နေပြီ။ ဘာများ ချောက်တွန်းဦးမလဲလို့။ "
မနေ့က စိုင်းစွမ်းထက်ပိုင် ချွန်ပေးလိုက်လို့ အိမ်မှာ အတိုင်ခံရကာ အဖေရောအမေပါ သူမတို့ကို ဝိုင်းဆူငေါက်ကြသည်။ ဒီနေ့တောင် အဘွားနှစ်နှစ်ပြည့်မှာ မနက်ပိုင်း ဘုန်းကြီး တရားနာပြီးသည်နှင့် ကျောင်းလာရသည်။ စာမလိုက်နိုင်မှာ စိုးရိမ်လို့တဲ့။
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023