ကာရံညီညာ ဆေးရုံကို ရောက်သွားတော့ ဦးမြတ်သာက ခေါင်းမှာပတ်တီးဖြင့် ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေသည်။ဘေးမှာတော့ သမီးနှစ်ယောက်က လိုအပ်တာတွေ ဂရုတစိုက် လုပ်ပေးနေသည်။
" အဖေ သက်သာရဲ့လား။ ခေါင်းက ..."
ကာရံညီညာက လက်ညှိုးလေး ထိုးကာ မေးတော့ ဦးမြတ်သာက အနားလာခဲ့ခိုင်းသည်။
" ခြောက်ချက်ချုပ်လိုက်ရတာ။ နှစ်ဆယ့်လေးနာရီစောင့်ကြည့်ရမယ်ပြောတယ်။ နှစ်ဆယ့်လေးနာရီအတွင်း ခေါင်းမူးတာ၊အန်တာမရှိရင် မစိုးရိမ်ရဘူးတဲ့။အခုလောလောဆယ် ဓါတ်မှန်လည်း ရိုက်ထားတယ်။ "
" ဟုတ်ကဲ့ "
ကာရံညီညာလည်း ညီမလေးနှစ်ယောက်နဲ့အတူ ဦးမြတ်သာဘေးမှာသာ ထိုင်နေပေးလိုက်သည်။ခဏမျှကြာတော့ အခန်းထဲ ဒေါ်ခင်ချိုက ဝင်လာသည်။လက်ထဲမှာ ဆေးစာရွက်တွေနဲ့ ဆေးအချို့လည်းပါလာသည်။
" အဖေဖြစ်တဲ့သူက ဒီလောက်ဖြစ်နေတာကို အကြီးဆုံးဖြစ်တဲ့ နင်က ဘယ်သွားနေတာလဲ။ သေလောက်မယ့် ဒဏ်ရာဆိုရင် နင့်စောင့်နေတာနဲ့ သေပြီ။ သားယောကျ်ားလေး တစ်ယောက်ပါလာတယ် အသုံးမကျဘူး။ "
အမြဲလိုလို ကာရံညီညာနဲ့ အဆင်ပြေကာ ချော့မော့ပြောတတ်သော ဒေါ်ခင်ချိုက အပြစ်တင်လာတော့ ကာရံညီညာလည်း စိတ်မကောင်း ဖြစ်မိသည်။ ဒေါ်ခင်ချိုက ခင်မီဇော့်ကို နေရာဖယ်ခိုင်းလိုက်ပြီး သူမဝင်ထိုင်ကာ ဦးမြတ်သာကို အိပ်ယာပေါ် လှဲလို့ အဆင်ပြေအောင် ကူညီပေးသည်။ကာရံညီညာက တစ်ဖက် ကူညီပေးတော့လည်း ဘာမှတော့မပြောပါ။
" နင့်အတွက်နဲ့ နင့်အဖေ ဒီလိုဖြစ်တာ။ စိတ်နဲ့လူနဲ့ မကပ်ဖြစ်ပြီး အသီးခြင်းတွေ ပြိုတာတောင် သတိမထားမိတာ။ ဘေးက လူတွေ အော်နေတာတောင် အသိမဝင်တဲ့ထိ အတွေးလွန်နေတာတဲ့။ ကံကြီးလို့ ခေါင်းနဲ့ ခြေထောက်ပဲ ထိသွားတာ။ ဒီလိုသာ မိဘစိတ်ဆင်းရဲအောင်လုပ် ... နောင်ဒီထက်ဆိုး ... "
" အမေကလည်း အစ်ကို့ကို တအားမဆူပါနဲ့။ "
ခင်မီကျော်ကပါ မျက်နှာမကောင်းစွာဖြင့် ဝင်ပြောသည်။ဒေါ်ခင်ချိုက လျော့မည့်ပုံမပေါ်ပါ။
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023