ဖုန်းလာနေသည်မို့ ကာရံညီညာက အိပ်နေရင်းမှ မျက်လုံးမဖွင့်ဘဲ ကုတင်ပေါ်လက်နဲ့ စမ်းကာ ကိုင်လိုက်သည်။ တောင်ကြီးက ညနေခြောက်နာရီလောက်မှ ပြန်လာပြီး သုံးနာရီလောက်ပဲ အိပ်လိုက်ရပြီး ကျောင်းသွားခဲ့ရသည်။ ကျောင်းက အတန်းချိန်ပြီးတော့ နေ့လယ်သုံးနာရီ ထိုးနေပြီ။ ထည့်ယူသွားတဲ့ ထမင်းချိုင့်တောင် ဖွင့်မစားဖြစ်ဘဲ အိမ်ရောက်ရောက်ချင်း အိပ်ပျော်နေတာ။
' Hello '
' Video Callဖွင့်လိုက်ပါ့လား။ စကားပြောရအောင်။ '
ကာရံညီညာက အိပ်ယာပေါ်မှ ကျုံးထလိုက်ပြီး Video Callဖွင့်လိုက်သည်။အိပ်ရေးပျက်ထားတာမို့ မျက်တောင်အရှည်ကြီးတွေက ဟိုတစ်စု၊ဒီတစ်စု ပူးကပ်နေသည်။
" ဘာပြောမလို့လဲ။ "
အိပ်ရေးပျက်သွားတာမို့ စိတ်ကောက်သွားပုံပဲ။ ကာရံညီညာက မကြည််မသာနဲ့ ဖြေလာသည်။
" အိပ်ပျော်နေတာပဲ။ "
" အင်း ... ကျောင်းကပြန်ရောက်ထဲက အိပ်နေတာ။ မနေ့က ကားအကြာကြီး စီးထားရတော့ ခါးတွေနာနေတာ။ "
စိုင်းစွမ်းထက်ပိုင်က ထမင်းစားခန်းမှာ ဖြစ်ကာ ဖုန်းကို စားပွဲပေါ်မှာ ပစ္စည်းတစ်ခုခုနဲ့ ထောက်ထားတာ ဖြစ်သည်။စိုင်းစွမ်းထက်ပိုင်က လက်ပတ် နာရီကို တစ််ချက်ကြည့်ပြီးမှ ထပ်ပြောလာသည်။
" အိပ်ချင်နေသေးလား။ ကိုယ် ပြီးမှ တစ်ခေါက်ခေါ်လိုက်မယ်လေ။ "
" ဟင့်အင်း "
ကာရံညီညာက ကုတင်ပေါ် တင်ပလ္လင်ခွေကာ ထိုင်နေပြီး ကုတင်ခေါင်းရင်းက တိုင်ပေါ်ကိုခေါင်းအုံးထောင်ထားကာ ဖုန်းကို ထိုပေါ်မှာ တင်ထားလိုက်သည်။ ရှပ်လက်ရှည်အဖြူနဲ့ ပုဆိုးအနီကွက်လေးပဲ ဝတ်ထားသေးတာမို့ ကျောင်းကပြန်လာပြီးအဝတ်အစားတောင် မလဲရသေးမှန်း သိသာသည်။
"ငါးရက်လောက်ဆိုရင် ကိုယ်ပြန်လာလို့ရပြီ။ "
ကာရံညီညာက ခုနကလို ခေါင်းငိုက်စိုက် မဟုတ်တော့ဘဲ ခေါင်းလေးမော့လာကာ မျက်စံဝိုင်းဝိုင်းလေးကပါ တောက်ပလာပြီးမေးသည်။
![](https://img.wattpad.com/cover/333989590-288-k539832.jpg)
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023