အတန်းချိန် ပြီးစီးသွားနောက် Silentလုပ်ထားတဲ့ ဖုန်းကို စိုင်းစွမ်းထက်ပိုင်က ထုတ်ကြည့်လိုက်သည်။မကိုင်ဖြစ်လိုက်တဲ့ ဖုန်းအကြိမ် ရှစ်ခါဆိုတာလေး တွေ့တာကြောင့် ကာရံညီညာ့ဆီ ချက်ချင်း ဖုန်းခေါ်လိုက်သည်။ တစ်ဖက်က ဖုန်းစောင့်နေဟန် ချက်ချင်း ကိုင်ပါသည်။
' စိုင်းစွမ်း '
ဝမ်းသာအားရ ခေါ်သံနောက်မှာ ရှိုုက်သံက အိခနဲ ထွက်လာတော့ စိုင်းစွမ်းထက်ပိုင်က မျက်ခုံးတွေကြုံသွားသည်။
' အင်း ... ကိုယ်လေ ... ဘာဖြစ်လို့လဲ။ '
နှစ်သိမ့်သလိုမျိုး လေသံတိုးတိုးလေးနဲ့ နွေးထွေးစွာ မေးလိုက်တော့ တစ်ဖက်က မဖြေသေးဘဲ နှာရှုံ့သံ တရူူးရူူး ထွက်လာပြန်သည်။လူကြီးလေးက သိပ်ဆိုးတာပါပဲ။ ချက်ချင်းတွေ့လို့ မရသေးတာ သိရက်နဲ့ ပိုပြီး စိတ်ပူရအောင် လုပ်ပြန်ပါသည်။
'ဘာလို့လဲ ... အခုဘယ်မှာလဲ'
စိုင်းစွမ်းထက်ပိုင်ဆီက ယုယသည့်အသံ ခပ်နွေးနွေးကို ထပ်မံကြားရကာမှ ကာရံညီညာက ဖြေလာသည်။
' သူငယ််ချင်းအဖေ အသည်းအသန်ဖြစ်နေလို့ မတ္တရာဘက်ကိုသွားတာ။ ရပ်နေတဲ့ကားကို ဆိုင်ကယ်နဲ့ ဝင်တိုက်မိသွားတယ်။ အပြစ်ပြောတဲ့ လူတွေက အရမ်းများတာပဲ။လျော်ပေးရမယ် ထင်တယ်။ အိမ်ကိုလည်း ဖုန်းမဆက်ရဲဘူး။ '
' အင်း ကိုယ့်ဆီ ဖုန်းဆက်တာမှန်တယ်။ လူရော ဘာဖြစ်သွားသေးလဲ။ '
ကာရံညီညာ့က သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်ရင်း စိုင်းစွမ်းထက်ပိုင် မမြင်သော်ငြား ခေါင်းရမ်းပြရင်း ဖြေသည်။
'ဟင့်အင်း ... နည်းနည်းပွန်းပဲ့သွားရုံလောက်ပါပဲ။'
' လန့်သွားမှာပဲ။ကားပိုင်ရှင်ကို ဖုန်းပေးလိုက်လေ။ ကိုယ် သူနဲ့အရင် ညှိထားပြီး ချက်ချင်းလာခဲ့မယ်။ အခု အစ်ကိုလုပ်ရမှာက အနီးအနားမှာ ရှိတဲ့ ဆိုင်တစ်ဆိုင်မှာ စိတ်ငြိမ်အောင် အေးအေးဆေးဆေးလေး ထိုင်နေနော်။'
ကိုယ်တိုင်က အကြီးဖြစ်သော်ငြားလည်း အရေးကြုံလာတော့ စိုင်းစွမ်းထက်ပိုင်အပေါ် အလုံးစုံ မှီခိုနေမိသည်။ တစ်ဖက်က နွေးထွေးတဲ့ အခါ စိတ်နှလုံးထဲက ထိတ်လန့်စိတ်တွေလည်း တဖြည်းဖြည်း လျော့ပါးသွားခဲ့ရသည်။
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023