ကာရံညီညာ ရေချိုးခန်းထဲ ဝင်သွားသည်မို့ စိုင်းစွမ်းထက်ပိုင်က အခြားအခန်းမှာ ရေသွားချိုးဖို့အတွက် အကျီကို ချွတ်လိုက်သည်။ ဘောင်းဘီက ခါးပတ်ကို ဖြုတ်နေတုန်း ကာရံညီညာက လျှပ်တပြတ် ရေချိုးခန်းထဲက ထွက်လာသည်။
" အာ ... Sorry "
စိုင်းစွမ်းထက်ပိုင်က ခါးပတ်ကို ပြန်ပက်လိုက်သည်။ ကာရံညီညာက ရေချိုးခန်းမှ ထွက်လာပြီး စိုင်းစွမ်းထက်ပိုင်၏ ဘေးမှ ဖြတ်သွားကာ ဗီရိုတံခါးကို ဖွင့်ပြီး ဟိုရှာဒီရှာ ရှာနေသည်။
" ဘာလိုချင်လို့လဲ။ "
" မျက်နှာသုတ်ပုဝါ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ကျောဘေးမှ လက်လျှိုလိုက်ပြီး ဗီရို၏ တံခါးတစ်ချပ်ကို ဖွင့်ပြီးမှ ပန်းရင့်ရောင် မျက်နှာသုတ်ပုဝါကို ယူလိုက်သည်။နီးကပ်နေတာမို့ ကာရံညီညာ့ဆံပင်က ကင်ပွန်းခေါင်းလျှော်ရည်အနံ့လေးတောင် ရနေသေးသည်။
" ဒီမှာ မျက်နှာသုတ်ပုဝါ။ အဝတ်အစားတွေက အသစ်ဝယ်ထည့်ပေးထားတယ်။ အဆင်ပြေတာ ယူဝတ်လိုက်နော်။ "
" အင်း "
ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ အနားမှ ထွက်သွားပြီးမှ ရေချိုးခန်းထဲ မဝင်ခင် တစ််ချက်ပြန််လှည့်ကြည့်လိုက်သေးသည်။ စိုင်းစွမ်းထက်ပိုင်၏ ညာဘက် ခါးစောင်းတစ်လျှောက်မှာ အနက်ရောင်ဖြင့် Tattoo ထိုးထားသည်။ Kar Yan Nyinyar ဆိုတဲ့ နာမည်အပြည့်အစုံကို ဒေါင်လိုက် ထိုးထားတာမို့ ချိုင်း( ဂျိုင်း) အောက်အနားကနေ စတင်ထားတာ ဖြစ်သည်။အောက်ဆုံးက စာလုံး နှစ်လုံးကတော့ ဘောင်းဘီ၏ ခါးပတ်နေရာနှင့် ဖုံးနေတာကြောင့် သေချာ မမြင်ရဘူး။
" အရူးကောင် "
ရေချိုးခန်းထဲ ရောက်မှ ကာရံညီညာက စိုင်းစွမ်းထက်ပိုင် ရှိသည့်ဘက်ကို အမြင်ကပ်စွာ ကြည့်လိုက်ပြီး မျက်နှာသုတ်ပုဝါဖြင့် မှန်ကို ပစ်ပေါက်လိုက်သည်။" ဆန္ဒရှိလား မမေးဘဲ ခိုးပြေး၊သူ့အိမ်ထိ ခေါ်လာပြီးမှ တအားတွေ သိတတ်ပြနေတာ။ စည်းတွေ ထားပြနေတာ တကယ်မုန်းစရာကောင်းတယ်။ "
![](https://img.wattpad.com/cover/333989590-288-k539832.jpg)
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023