28

100K 5.8K 795
                                    

စိုင်းစွမ်းထက်ပိုင်က အခန်းထဲ ဝင်လာရင်းမှ ဖုန်း​ပြောလာသည်။ကာရံညီညာက ကုတင်​ပေါ် တင်ပလ္လင်​ခွေ​လေးထိုင်ပြီး ​ခေါင်းအုံးနှစ်လုံးထပ်ထားသည့် အ​ပေါ်မှာ Tutorialစာအုပ်တင်ပြီး စာစစ်​​နေသည်။ ​​ကျောပြင်​သေး​သေး​လေးက အ​ရှေ့ကိုကိုင်း​နေ​တော့ ချစ်စဖွယ်​လေးမို့ စိုင်းစွမ်းထက်ပိုင်က ဖုန်း​ပြော​နေရင်းမှ ပြုံးရပါ​သေးသည်။ကိုယ်ချစ်သူ၏ အပြုအမူ​သေး​သေးကစ မြတ်နိုး​နေရတာပါပဲ။

' ​ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် အလုပ်​နှောင့်​နှေး
သွားမှာ။ ငါကလည်း မန္တ​လေးဆိုက်​တွေ​​ရောရှိ​နေ​တော့ သွားလိုက်ပြန်လိုက် လုပ်​နေရမှာ။ '

' ​ဒီလူနဲ့ဒီလူ ပြောစရာလိုလို့လား။ ​တောင်ကြီးဆိုက်ကို စိတ်ချ​​နော်။ '

' အင်း ... လကုန်ကျရင် ငါတစ်​​ခေါက်လာခဲ့မယ်။ '

' အခုလက်ရှိအ​ခြေအ​နေကြည့်ချင်လား။ငါအ​ပေါ်ထပ်တက်ပြီး ပြမယ်​​လေ။အ​ပေါ်ထပ်​ရောက်ရင် Video Callဖွင့်လိုက်မယ်​။ '

' ​ကောင်းတာ​ပေါ့။'

စိုင်းစွမ်းထက်ပိုင်က Video  Callဖွင့်လိုက်ပြီးမှ တစ်ဖက်က လိုင်းချိတ်ဆက်မိသည်ကို ​စောင့်​နေလိုက်သည်။

" ကိုယ်ခဏခဏ ​ပြောလည်း မှတ်မထားဘူး​နော်။ အိပ်ယာ​ပေါ်ထိုင်ပြီး ဒီလိုစာစစ်​နေမှ​တော့ ဇက်​ကြော​တွေနာမှာ​ပေါ့။ လူကဖြင့် အာရုံ​ကြော အားနည်းတတ်တာ။ "

Video Callဖွင့်ထားသည့်ဖုန်း​လေးကို ကုတင်​ခေါင်းရင်းမှာ မှီတင်ထားရင်း စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို နှိပ်​ပေး​နေသည်။ ပခုံး​​​သေး​သေး​လေး​တွေကို အားအသင့်အတင့်သာ ထည့်ကာ နှိပ်​ပေး​တော့ အနှိပ်မခံနိုင်သည့် ကာရံညီညာက တွန့်လိမ်သွားသည်။

" နာတယ် ... ဖွဖွလေးနှိပ်။ "

" အားနည်းနည်းပဲ ထည့်တာ​​လေကွာ။ လူကြီး​လေး ပခုံး​ကြော​တွေက မာ​နေတာ။ ဒီလို​သေချာမနှိပ်ရင် ညမှ ​ညောင်းတယ်ဆိုပြီး မဲ့ရွဲ့​နေမှာ။ "

ကာရံညီညာက ပြုံး​နေရင်းမှ ​နောက်လှည့်လာသည်။ လက်နှစ်ဖက်ကို ဖြန့်ပြပြီး ခပ်ချွဲချွဲ ​ပြောလာသည်။

First Love , Perfect Love (Completed)Where stories live. Discover now