ဆယ်တန်းတွေချည်း သီးသန့်ပြုလုပ်ပေးတဲ့ ညပိုင်း ပျော်ပွဲရွှင်ပွဲမှာ ဒေါ်ဝေဝေ့အားကိုးနဲ့ စိုင်းစွမ်းထက်ပိုင်ရော စိုင်းရတုဟန်ပါ လာခဲ့ကြသည်။ နှုတ်ဆက်ပွဲသဘောမို့ ဆရာ၊ဆရာမတွေနဲ့ ညစာစားကြ၊ ဂိမ်းကစားကြနဲ့ ပျော်ပျော်ပါးပါးပင်။
အားလုံးကြားမှာ ထင်းနေအောင် စိုင်းစွမ်းထက်ပိုင်က ဆံပင်တွေ လှန်ဖြီးထားပြီး Style Pantအနက်နဲ့ ရှပ်အကျီအဖြူကို ဝတ်ထားသည်။ ဆံပင်တွေကိုပါ ပုံသွင်းဖြီးလိမ်းထားတာမို့ ကလေးရုပ်လေး အနည်းငယ် ပျောက်သွားသည်။
အခန်းထဲ ဝင်ခါနီးမှ စိုင်းစွမ်းထက်ပိုင်က ဆံပင်ကို တစ်ချက် သ, လိုက်သေးသည်။
" ငါကြည့်ကောင်းလား။ "
စိုင်းစွမ်းထက်ပိုင်က မေးလိုက်တော့ စိုင်းရတုဟန်က ခြေစခေါင်းဆုံး တစ်ချက်ဝေ့ကြည့်ပြီး ခေါင်းငြိမ့်ပြသည်။
" ဒီလောက်ထိ ပြင်လာစရာလိုလို့လား။ "
" လိုတာပေါ့။ ငါ ပြင်လိုက်ရင် ဘယ်လောက်ချောလဲဆိုတာ ငါ့လူကြီးလေးကို သိစေချင်တာ။ ငါ့ထက်ချောတဲ့သူ မရှာနဲ့။ မရှိတော့ဘူး။ ငါသာ အချောဆုံး။ ငါ့ရဲ့ချောမောမှုတွေကို ဒီည သူအကုန် မြင်စေချင်တာ။ "
" အပိုတွေ ပြောနေသေးတာ။ မနက်က အစ်ကိုမင်းသက်ထက်နဲ့ အစ်ကိုကာရံ ရင်းနှီးနေတာကို မနာလိုပြီး ဇွတ်ပြင်လာတာများ မသိတာကြလို့။ "
အရှိုက်ထိသွားပေမယ့် စိုင်းစွမ်းထက်ပိုင်က ဟန်ကိုယ့်သည်။ စိုင်းရတုဟန်ပြောသလို မနက်က ကာရံညီညာက သူ့ကိုအလယ်မှာထားပြီး မင်းသက်ထက်ကိုပဲ စကားပြော,ပြောနေတာကြောင့် ဂျေဝင်နေတာ။ပြိုင်ဘက်လို့ သဘောထားပြီး သူ့ထက် ကြည့်ကောင်းပြီးသားဖြစ်နေတာတောင် ပိုကြည့်ကောင်းနေအောင် တမင်ပြင်လာတာ။
" ငါက အဲ့ဒီဂြိုလ်ကျိုး၊နားရွက်ပဲ့ကို ပြိုင်စရာ ဘာအကြောင်းမှမရှိဘူး။ "
" အပိုတွေ ... လာပါ ... အထဲဝင်မယ်။မင်း ဒီလောက်ပြင်လာတာ အနူတောထဲမှာတော့ လူချော ဖြစ်နေမှာသေချာပါတယ် "
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023