12

95.7K 6.6K 766
                                    

" မြန်မြန်​လျှောက်ပါကွ။ ​နှေး​ကွေး​နေတာပဲ။ "

စိုင်းစွမ်းထက်ပိုင် အ​နောက်မှ လိုက်ရင်း စိုင်းရတုဟန်လည်း လျှာထွက်​နေပြီ။ကိုယ့်​ကျောင်းနဲ့ ကာရံညီညာ့၏ ​ကျောင်းက အ​ဝေးကြီးကို ဒီညီအစ်ကို​ကြောင့် တစ်​နေ့တစ်​ခေါက်​တော့ စိုင်းရတုဟန် ပုံမှန်​ရောက်သည်။ ကာရံညီညာ့အ​ဆောင်က ​ဝေး​တော့ ​ခြေလျင်က ​​လျှောက်ရ​သေးသည်။

" ငါလည်း​လျှောက်​နေတာပဲကွ။စိုင်းစွမ်း  ငါ မင်းနဲ့ကျ ဘယ်​နေ​နေ လိုက်တယ်​နော်။ စ​နေ​နေ့ကြရင် ပြိုင်ပွဲ ငါနဲ့အ​ဖော်လိုက်​ပေး။ "

" ​အေးကွ "

စိုင်းစွမ်းထက်ပိုင်၏ ​ခြေလှမ်း​တွေက လျင်မြန်​နေတာမို့ ​ခြေမျက်စိထိ ရှည်​အောင်ဝတ်ထားတဲ့ ပုဆိုးက လမ်း​လျှောက်တိုင်း အသံကြား​နေရသည်။

" စိတ်တို​နေပါတယ်ဆို မင်းကတစ်မျိုး။ "

စိုင်းစွမ်းထက်ပိုင်က သူ့အကျီလက်ကို ​ခေါက်တင်လိုက်သည်။အင်ဂျင်နီယာ​​ကျောင်းသား​လေး ဖြစ်တဲ့ စိုင်းစွမ်းထက်ပိုင်က ​​ကျောင်းဝတ်ရှပ်အဖြူလက်ရှည်နဲ့ ပုဆိုးအပြာ​လေး ဝတ်ထားသည်။ ဖြူနု​နေသည့် သူ့အသားအရည်နဲ့ လိုက်ဖက်လွန်းသည်။

" ဒီမှာသာ ​ဒေါသထွက်ပြ​နေတာ။ အစ်ကိုကာရံနဲ့ တကယ်​တွေ့ရင် အသက်​တောင်ရဲရဲမရူူရဲတာများ မသိတာကြလို့။ "

ကာရံ​ညီညာ့၏ ​မေဂျာအ​ဆောင်သို့ ဦးတည်သွား​နေရင်း စိုင်းစွမ်းထက်ပိုင်က စိုင်းရတုဟန့်စကား​ကြောင့် ​ပေ​စောင်း​​စောင်း လှည့်ကြည့်သည်။

" ဘာကြည့်တာလဲ။ မဟုတ်လို့လား။​မင်း ​ကြောက်ရတာ သိပြီးသား "

"ဘာ​လို့​ကြောက်ရမှာလဲ။ ငါမလုပ်ချင်လို့။ လုပ်ရင်လား ... ဟင်း!!! "

" ဟမ့် "
စိုင်းရတုဟန်က နှာမှုတ်ပြလိုက်သည်​။ကာရံညီညာ့၏majorအ​ဆောင်ကို ​ရောက်​လာ​တော့ အခန်းထဲ ဝင်လိုက်သည်။ စာသင်ချိန်မရှိ​သေးတာမို့ အခန်းထဲမှာ ကွက်တိကွက်ကျားသာ လူအနည်းငယ်ရှိသည်။

ကာရံညီညာက စာကုန်း​ရေး​နေရင်းမှ စိုင်းစွမ်းထက်ပိုင်ကို တစ််ချက်သာ ​မော့ကြည့်ပြီး သူ့စာဆီမှာပဲ အာရုံပြန်​ရောက်သွားသည်။

First Love , Perfect Love (Completed)Where stories live. Discover now