" အိမ်က ဘယ်ထိသွားရမှာလဲ။ "
ကာရံညီညာက မင်းသက်ထက်ပို့ထားတဲ့ လိပ်စာကို ဖုန်းထဲက တစ်ခေါက်ကြည့်ပြီးမှ စိုင်းစွမ်းထက်ပိုင်ကို ပြသည်။စိုင်းစွမ်းထက်ပိုင်က ကားမောင်းနေရင်းမှ ဖုန်းကိုလက်လွှဲယူပြီး ကြည့်လိုက်သည်။
" လိုသေးတာပဲ။ ပန်းကမ္ဘာတောင် ကျော်တယ်။ "
" ဟုတ်လား။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာကို တစ်ချက်ကြည့်သည်။
" နေရာကို သေချာမသိဘဲ သွားတာပဲလား။ "
" နှစ်ခေါက်လောက်ရောက်ဖူးပါတယ်။အဲ့ဒီတုန်းက ကားနဲ့ဆိုတော့ တအားဝေးတယ်မထင်ဘူးလေ။ "
" နောက်ဆို ဒီလိုသေချာမကျွမ်းကျင်ဘဲ သွားမယ်ဆိုရင် ကျွန်တော့်ကို အရင်ပြော။အခုလို လိုက်ပို့ပေးမယ်။မဟုတ်ရင် စိတ်ပူနေရမှာ။ "
ကာရံညီညာက နှစ်ခြိုက်စွာ ပြုံးလိုက်သည်။
" အင်းပါ ... စိတ်ချနော်။ နောင်ဆို အခုလိုပဲ မင်းကို ဒုက္ခပေးရတော့မယ်။ သြော် ... ဟို ပိုက်ဆံက မန္တလေးရောက်ရင် ငါပြန်ပေးမယ်နော်။ "
စိုင်းစွမ်းထက်ပိုင်၏ မိသားစုက ဘယ်လောက်ပဲ ချမ်းသာနေစေဦးတော့။ချစ်သူရည်းစားအဆင့်နဲ့ စိုင်းစွမ်းထက်ပိုင်၏ ပိုက်ဆံကို မသုံးချင်ပါ။ကာရံညီညာ့၏ သဘောထားကို စိုင်းစွမ်းထက်ပိုင်ကလည်း နားလည်ပါသည်။
" အစ်ကို့သဘော။ အခုပဲပြန်ဆပ်ဆပ် နောင်မှ ဘဝကြီးနဲ့ပဲ ထိုးဆပ်ဆပ် ကျွန်တော်က အဆင်ပြေပါတယ်။ "
" မင်းကတော့ "
ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ ခေါင်းကို ခပ်ဖွဖွ တွန်းလိုက်သည်။
" အစ်ကို "
ပေါင်ပေါ်တင်ထားတဲ့ ကျောပိုးအိတ်ထဲမှ ဘီစကစ်ချောင်းဘူးလေးကို ထုတ်စားရင်း ကာရံညီညာက ပြန်ထူးသည်။
" ဟမ် "
" ကျွန်တော်တို့ နှုတ်ခမ်းချင်းမနမ်းဖူးသေးဘူးနော်။ "
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023