Note _ ကီးဘုတ်ချော်တာမျိုး မဟုတ်ဘဲ အမွန်း စာလုံးပေါင်းမှားနေတာရှိရင် အားမနာဘဲ အမှန်ပြင်သွားပေးနော်။မှတ်စုထဲမှာ အမွန်းက ချက်ချင်းလိုက်ပြင်ပါတယ်။ဒီမှာမပြင်တာက အဲ့ဒီအပိုဒ်မှာပေးထားတဲ့ Commentလေးတွေ ပြန်ဖတ်မရမှာ စိုးရိမ်လို့ရယ်။နောက်တစ်ခုက အမွန်းစာရေးရင်း တအားရှန်းပါတယ်။ မှားနေတာတွေ့ရင် ထောက်ပြလို့ရပါတယ်နော်။စိတ်မဆိုးဘူးရယ်။
" စိုင်းစွမ်း "
ကာရံညီညာက နောက်တစ်ကြိမ် ဝရံတာ ထွက်လာပြီးမှ ခေါ်လိုက်တော့ စိုင်းစွမ်းထက်ပိုင်က ကားတံခါး ဖွင့်နေရာမှ ချက်ချင်း လှည့်ကြည့်သည်။
" အိမ်ထဲ ဝင်ဦးမလား။ "
စိုင်းစွမ်းထက်ပိုင်က ချက််ချင်းပင် လက်ခံပါသည်။
" နှစ်ခါ မခေါ်ရဘူးနော်။ "
ကာရံညီညာက ခပ်တိုးတိုးသာ ပြောလိုက်ပြီး အောက်ထပ်သွားကာ ခြံတံခါး ဖွင့်ပေးသည်။ဒီနေ့ ဒီကောင်လေး အရမ်းတော်တာမို့ ဆုနည်းနည်းတော့ ပေးသင့်တယ်မလားလေ။
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ၏ ဖိနပ်ဘေးမှာ ဖိနပ်လေးကို ချွတ်လိုက်သည်။အိမ်တံခါးပေါက်ရှေ့မှာ Sizeအနည်းငယ်ကွာတဲ့ ဖိနပ်နှစ်ရံကို ဘေးချင်းကပ်လျက် အနေအထားနဲ့ တွေ့ရရုံလေးနဲ့တင် ရင်ထဲမှာ ကြည်နူးမိသည်။
" အိမ်မှာ အဖေသိမ်းထားတဲ့ ဝိုင်တွေရှိတယ်။သောက်ချင်လား။ဟိုမှာ မသောက်ခဲ့ဘူးဆိုတော့ ဆုချတဲ့ အနေနဲ့ နည်းနည်းတော့ တိုက်မယ်။ "
" ဝိုင်က ဘယ်မှာပဲဖြစ်ဖြစ်သောက်လို့ရပါတယ်။ အခြားဟာပဲဆုချ။ အနည်းဆုံး French Kissလောက်ပေါ့။ "
စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ သွားသည့်အတိုင်း အနောက်က ထပ်ကြပ်မခွာလိုက်ရင်း ပြောသည်။ကာရံညီညာက မီးဖိုချောင်၏ သော့ပိတ်ထားတဲ့ ဗီရိုထဲက ဝိုင်ပုလင်းကို ဆွဲထုတ်လိုက်ပြီး စိုင်းစွမ်းထက်ပိုင်၏ ခေါင်းကို ခပ်သာသာလေးရိုက်လိုက်သည်။
" ဟော ... အလိုလိုက်ထားတော့ သိပ်ဆိုးတာပဲ။ လက်ပါတတ်နေလိုက်တာ။"
YOU ARE READING
First Love , Perfect Love (Completed)
RandomMyanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲဖော်ဟာ တစ်ထပ်တည်းကျသောအခါဝယ် 8.2.2023 ___ 8.4.2023