_1_

1K 79 25
                                    

Unicode..

ကောင်းကင်ကြီး၏ရောင်နီတန်းများထွက်ပေါ်လာချိန်က ကျွန်တော့်၏အိပ်ရာထချိန်ဖြစ်ပြီး အလင်းတန်းများထွက်ပေါ်ချိန်ကတော့ တစ်ခြားအလုပ်သမားများနှင့်နည်းတူ ကျွန်တော့်အလုပ်လုပ်ချိန်ပင်ဖြစ်သည် ပြည့်စုံတဲ့ဘဝမျိုးကိုမပိုင်ဆိုင်ရပေမယ့်လည်း ဆင်းဆင်းရဲရဲဘဝမျိုးကိုလည်းကျွန်တော် မပိုင်ဆိုင်ထားပါ ငယ်ငယ်တုန်းက ကျွန်တော်လေးနှစ်သားအရွယ်မှာ မေမေဆုံးပါးသွားတာမို့ ဖေဖေက သူအလုပ်အကျွေးပြုစုနေရတဲ့ ကင်မ်အိမ်တော်ကို ခေါ်လာလို့ ဖေဖေ့ လက်ကိုတွဲကာလိုက်လာခဲ့သည်မှာ လွန်ခဲ့တဲ့ဆယ့်လေးနှစ်ကပင်ဖြစ်သည် သူတစ်ပါးအပေါ် စေတနာမေတ္တာတရားရှိလွန်းသည့် ကင်မ်သခင်မကြီးကြောင့် ငယ်ငယ်ကတည်းကဒီအိမ်တော်ကြီးမှာအလုပ်သမားအဖြစ်နေခဲ့ရတာပျော်ခဲ့သော်လည်း သူ့ကိုတွေ့တိုင်းနှိပ်စက်တတ် အနိုင်ကျင့်လွန်းသည့်တစ်စုံတစ်ဦးလည်းရှိတာကြောင့် သူ့မှာ အမြဲသတိထားနေကာ ရှောင်နေရသည် အဲ့လူကတော့ တစ်ခြားသူမဟုတ် သခင်မကြီး၏သား ကင်မ်ထယ်ယောင်းပင်။

"ဟိုဆော့ သားဘာလုပ်နေတာတုန်း ကျောင်းသွားရတော့မှာကို အပင်တွေရေလောင်းတာမြန်မြန်လက်စသတ်တော့..."

ခြံထဲကသစ်ပင်တွေကိုရေလောင်းရင်းအတွေးများလွင့်မျောနေစဉ် ဖေဖေ၏သတိပေးသံကြားမှအသိစိတ်ပြန်ဝင်လာတော့သည် အသိစိတ်ပြန်ဝင်လာတာနဲ့လက်ထဲက‌ ရေပိုက်ကို ခပ်မြန်မြန်ပိတ်ပြီး မြေပေါ်ပစ်ချကာ အလုပ်တန်းလျာဘက်က သူနေတဲ့အခန်းထဲတစ်ရှိန်ထိုးမြန်မြန်ပြေးဝင်ရင်း ကျောင်းအင်္ကျီမြန်မြန်လဲရတော့သည်။

အချိန်တိကျလွန်းတဲ့သခင်လေးကသူသတ်မှတ်ထားတဲ့အချိန်ထက် တစ်စက္ကန့်လောက်နောက်ကျရင်တောင် သူ့ကိုအပြစ်ပေးတာမို့ ကြောက်ကြောက်နဲ့ပဲမြန်မြန်ဆန်ဆန်လုပ်ကာ သခင်လေးနဲ့တူတူကျောင်းသွားရင်စီးမည့်ကားနား မြန်မြန်သွားရပ်နေလိုက်သည် တော်သေးသည်က သခင်လေးခုထိအိမ်ထဲကမထွက်လာသေးတာမို့ ခုမှ အေးဆေးသက်ပြင်းချနိုင်တော့သည်။

ထင်တဲ့အတိုင်းတစ်မိနစ်အကြာကြ အိမ်တော်ထဲကနေ သခင်မကြီးကိုလက်တွဲကာသခင်လေးကထွက်လာပြီး သူ့အနားလည်း ရောက်တော့နှစ်ယောက်စလုံးရဲ့ခြေလှမ်းများ ရပ်တန့်သွားသည် သခင်မကြီးကတော့ထုံးစံအတိုင်း သူ့ကိုအလှဆုံးပြုံးပြကာ နှုတ်ဆက်လာသည်။

Not The Last TimeWhere stories live. Discover now