_15_

317 58 20
                                    

Unicode..

စစ်စရာရှိတဲ့ စာရင်းများစွာကို ဘေးချထားရင်း စားပွဲခုံပေါ် လက်တတောက် တောက် ဖြင့်တောက်နေတဲ့ ထယ်ယောင်းကို ကြည့်ချင်းအားဖြင့် တစ်စုံတစ်ရာကို စိတ်ရှုပ်ထွေးပြီးဒေါသထွက်နေမှန်းသိသာသည်။

ဒေါက်....ဒေါက်....ဒေါက်

အတွေးလွန်နေရင်းမှ တံခါးခေါက်သံကြားလို့ ဝင်ခိုင်းလိုက်တော့ သူ့ရဲ့ လျှို့ဝှက်ဘော်ဒီကတ်ဖြစ်နေသည်။
စာရွက်စာတမ်းတစ်ချို့ကို ကိုင်ရင်း အမြန်လျှောက်လာပုံက သူစုံစမ်းထားခိုင်းသည့်အချက်အလက်တစ်ချို့ ရလာပုံပင်။

"ဆရာ စုံစမ်းခိုင်းတဲ့ Mr.Jung ရဲ့အချက်အလက်တွေရလာပါပြီ....
သူငယ်ချင်းဖြစ်သူ ဂျွန်ဂျောင်ကုရဲ့ နိုင်ငံအဝင်အထွက်စာရင်းကနေစုံစမ်းရင်းမှ LAမှာရှိတဲ့ Mr.Jungရဲ့အိပ်လိပ်စာနဲ့ ဆိုင်လိပ်စာအထိရလာပါတယ် Mr.Jungက ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်ထားပြီးသူ့သားနဲ့နှစ်ယောက်တည်းနေပုံပါပဲ စစနေတုန်းကတော့အဖိုးအရွယ်တစ်ယောက်နဲ့ပါတွဲနေတယ်ဆိုပေမယ့်နောက်ပိုင်းတော့ သားအဖနှစ်ယောက်တည်းပဲတွေ့ဖြစ်တော့တယ်တဲ့ ပြီးတော့ အိမ်နီးနားချင်းတွေထပ်ပြောပြသေးတဲ့ နည်းနည်းထူးဆန်းတဲ့သတင်းအချို့လည်းကြားခဲ့ရသေးပါတယ်...."

"ဘာသတင်းလဲ..."

"Mr.Jungမှာကလေးရှိတယ်ဆိုပေမယ့် ဇနီးဖြစ်သူကို ဘယ်သူမှတစ်ခါမှတောင်မမြင်ဖူးပါဘူးတဲ့ Mr.Jungသူတို့အနားမှာစနေကတည်းက လသားအရွယ် သားလေးကိုချီပြီး အမြဲသွားလာနေရတာတွေ့ရတာမို့ ကလေးကသူ့ကလေးပဲဖြစ်လောက်တယ်တဲ့။
မွေးစားထားတာလား သားအရင်းလားဆိုတာ သတင်းထပ်နှိုက်ကြည့်တော့ သားအရင်းပဲဖြစ်နိုင်ပါတယ် ဘာလို့ဆို Mr.Jung LAမှာ စစနေချင်း သုံးလလောက်အိမ်မှာနေကြောင်းသိရပေမယ့် နောက်ဆယ့်တစ်လလောက်ပျောက်သွားသေးတော့ အိမ်နီးချင်း အသိတွေကဘယ်သွားနေလဲမေးကြည့်တော့ သားလေးဆေးရုံမှာမွေးဖွားနေလို့ ပျောက်သွားတာပါဆိုပြီးပြောပြတယ်တဲ့...."

"အဲ့တာဆို ကလေးကသူ့သားအရင်း ဖြစ်လောက်ပြီး ဇနီးကဘယ်သူဆိုတာမသိရဘူးပေါ့...
ငါတော့ရူးတော့မှာပဲ ဆော့ကဖောက်ပြန်တတ်တဲ့လူစားမျိုးမဟုတ်လို့ ငါနဲ့ချစ်သူတွေဖြစ်နေတုန်း နောက်မိန်းကလေးဆိုတာလည်းမရှိလောက်ဘူး
အဲ့တာကြောင့် အဲ့ကလေးက သူ့သားအရင်းဘယ်လိုမှကိုမဖြစ်နိုင်တာ....
မင်း အဲ့ကလေးကိုမွေးဖွားခဲ့တဲ့ဆေးရုံရော စုံစမ်းခဲ့သေးလား ကလေးမိခင်ဘယ်သူဆိုတာ...."

Not The Last TimeWhere stories live. Discover now