_14_

297 51 31
                                    

Unicode..

ဆိုးလ်မြို့ရဲ့ နာမည်အကြီးဆုံးဆိုသော စားသောက်ဆိုင်ရဲ့ VIP အခန်း တစ်ခန်းတွင် အသက်ငါးဆယ်နီးပါးခန့်ရှိသော ယောကျာ်းကြီးနှစ်ယောက်မျက်နှာချင်းဆိုင် ထိုင်ရင်း တင်းမာသောအခြေအနေအချို့ဖြင့် စကားပြောနေကြသည်။

နှစ်ယောက်ထဲက တစ်ယောက်ကတော့ သူစိတ်လှုပ်ရှားနေတာကို တစ်ဖက်လူမရိပ်မိအောင် သေသေချာချာအာရုံစိုက်ပြီး ပြောနေရတာမို့ ထိုလူတစ်ခွန်းပြောလိုက်တိုင်း သူလည်း သူ့ဒူးပေါ်ကလက်သီးဆုပ်ထားမိတာက တင်းတင်းသွားသည်။

"‌လက်ထောက်ဂျောင်.....
မင်းနဲ့မင်း သားကို ခြေရာဖျောက်ဖို့ပြောလိုက်တာ တော့မှန်ပေမယ့် ခြေ‌ရာဖျောက်တာတော်ချက်နော် ငါနဲ့ပါအဆက်အသွယ်ကိုမရတော့တာ နှစ်တွေအကြာကြီးနေမှ မင်းကို ပြန်ဖမ်းမိတော့တယ်..."

"သခင်ကြီးနဲ့ တမင်အဆက်အသွယ်ဖြတ်ပစ်လိုက်တာမဟုတ်ပါဘူး မဆက်သွယ်လေ သခင်ကြီးတို့အတွက် အနှောင့်အယှက်ပိုကင်းမယ်ထင်လို့ မဆက်သွယ်တာပါ..."

"မင်းရဲ့ သိတတ်မှုကတော့ ခုချိန်ထိအသိအမှတ်ပြုပေးစရာပါပဲ
တစ်ကယ်လို့ ငါတို့သားတွေသာ လမ်းမှားမရောက်ခဲ့ရင် မင်းလည်းငါ့ဘေးမှာဆက်ရှိပြီး ငါလည်းအရင်တုန်းကလို အေးအေးဆေးဆေးနေရလောက်တယ် သိတယ်မလား ခုခေတ်မှာ မင်းလောက်တိကျသေချာအောင် လုပ်နိုင်တဲ့ လူကရှားလို့ ငါ့မှာ မင်းမရှိတဲ့နောက်ပိုင်း အလုပ်နဲ့ပတ်သက်ရင် ခဏခဏ စိတ်ညစ်ရတာ ခုတော့ တော်သေး ငါ့သားက အကုန်လွှဲပြောင်းလိုက်ပြီဆိုတော့ ငါလည်း ဝဋ်ကျွတ်သွားပြီပေါ့...."

"သခင်လေး ကင်မ်ထယ်ယောင်းက သခင်ကြီး အရာရာအကုန်တော်ပြီးစေ့စပ်သေချာလို့ ခုလုပ်ငန်း‌တိုင်း ပိုပြီးတောင်အောင်မြင်နေတာ ကြားမိပါတယ် ဂုဏ်ယူပါတယ် သခင်ကြီး...."

"ဟုတ်ပ ငါ့သားက ငါ့ထက်တောင်အလုပ်လုပ်တာတော်နေသေးတာ ဒါနဲ့မင်း သားရော အဆင်ပြေရဲ့လား ဒီကိုပြန်ရောက်နေပြီလား...."

"သားက ပုန်းနေတဲ့နိုင်ငံမှာပါပဲ အကုန်..အဆင်ပြေနေတာမို့ ကျွန်တော်ပဲ ကိုရီးယားပြန်လာတာ သားတော့မပါလာတာမို့ သခင်ကြီးစိတ်မပူလည်းရပါတယ်...."

Not The Last TimeWhere stories live. Discover now