Unicode..
ဘာအနှောင့်အယှက်မရှိပဲ သုံးနာရီကြာ ငြိမ်းချမ်းစွာအိပ်ပျော်ပြီးနောက် ဘယ်ဘကခြေထောက်နေရာက နာကျင်မှုနဲ့အတူနိုးထလာခဲ့သည်။
အသိစိတ်ပြန်ဝင်လို့ မျက်လုံးဖွင့်လိုက်တာနဲ့ သူ့မျက်နှာရှေ့တည့်တည့်တွင် ရှိနေသော ချောမောသောမျက်နှာတစ်ခု တိတိကျကျပြောရရင် သခင်လေးက သူနဲ့ သုံးလက်မလောက်သာကွာတော့သည်အထိ နီးကပ်လွန်းစွာရှိနေသည်။ရုတ်တရက်မို့ လန့်သွားတာကြောင့် မြန်မြန်ကုန်းရုန်းထလိုက်ပေမယ့် ခန္ဓာကိုယ်ကလှဲနေရာက မမတ်သွားတာမို့ ခါးပေါ်ကတင်းမာမှုကိုကြည့်လိုက်တော့ သခင်လေးလက်က သူ့ခါးပေါ်တင်းကြပ်စွာရှိနေသည်။
အိပ်နေသူလည်းမနိုးအောင် အသံတစ်သံမှမထွက်ဘဲ ခါးပေါ်ကလက်တွေကို ဖြည်းဖြည်းချင်းခွာချနေတော့ လွတ်နေတဲ့သခင်လေးရဲ့ နောက်လက်တစ်ဖက်ပါခါးပေါ်ထပ်ရောက်လာပြီး ရင်ခွင်ဆီသို့ ဆွဲဆောင့်ခြင်းကိုခံလိုက်ရသည်။
"သူတို့ခုထိရေဆော့နေကြတုန်း နောက်နှစ်နာရီလောက်မှပြီးလောက်မှာ မထနဲ့ စောသေးတယ် ပြန်အိပ်ဦး...."
"မ...မအိပ်ချင်တော့ဘူး..."
"ဟမ်...အိပ်ရေးဝသွားပြီလား..."
အမေးတစ်ခုနဲ့အတူ ရင်ခွင်ထဲကသူ့ကို ငုံ့ကြည့်လာတာမို့ ချွေးစေးတွေပါပြန်လာပြီး ရင်ဘတ်တစ်နေရာကလည်း 'တ..ဒုန်း..ဒုန်း' နဲ့ ကျယ်လောင်စွာမြည်နေတော့သည်။"ဘာဖြစ်တာလဲ ဟိုဆော့....
မင်းချွေးစေးတွေပါ ပြန်နေတယ်
ဖျားနေပြီလား ပြစမ်း..."နဖူးပြင်ပေါ်ကိုပါ ရောက်လာတဲ့လက်တစ်ဖက်ကြောင့် ပါးပြင်တွေပါနီရဲလာပြီမို့ အကြည့်ချင်းစုံနေရာမှ ရှောင်ကာ ရင်ခွင်ထဲခေါင်းငုံ့ချပြီး မျက်နှာကိုမမြင်အောင် ဖွက်ထားလိုက်သည်။
"မဖျားဘူးလို့...."
"အင်း...အင်းမဖျားရင်ပြီးရော..."
"ဒါနဲ့ မပူဘူးလား..
ဖက်ထားတာ လွှတ်ပေးပါဦး...""မလွှတ်ပေးချင်ပါဘူး မင်းအအေးဒဏ်ခံလို့မဖြစ်ဘူး ဖျားသွားမှာဆိုးလို့စေတနာနဲ့ ဖက်ပေးထားတာ..."