Unicode..
"ဆော့ တကယ်ကြီး ပြောနေတာလား..."
"ဟုတ်တယ် ထယ်....
ငါတကယ်စိတ်ပိုင်းဖြတ်ပြီးပြီ...."ပြန်ရောက်လာတာ တစ်ပတ်ပြည့်ပြီး အရာရာ အေးဆေးတည်ငြိမ်စွာနဲ့ ဖြတ်သန်းပြီးနောက် ညတစ်ညကျ အိပ်ရာဝင်ခါနီးအချိန်မှာ "တစ်မိသားစုလုံး Seoul ကိုပြောင်းရွှေ့ကြရအောင်..."ဆိုပြီး ဖွင့်ဟပြောလာတဲ့ ဟိုဆော့စကားကြောင့် ထယ်ယောင်းမှာ အံ့ဩနေမိသည်။
"ဘာလို့ သားနဲ့ ဆော့က Seoul ကိုပြောင်းမှာ...
ဒီမှာပဲဆက်နေပါ သားနဲ့ မင်းရဲ့ပျော်ရွှင်မှုက ဒီမြို့လေးမှာပဲရှိတာကို မပြောင်းပါနဲ့...""မဟုတ်ဘူး....ထယ်....
ငါ တစ်ကယ်ပြောနေတာ LAနဲ့ Seoul ကိုခဏခဏ ကူးနေရတဲ့ မင်းကိုစိတ်မချသလို Seoul မှာနေချင်နေတဲ့သားဆန္ဒကိုလည်းဖြည့်ဆည်းပေးချင်လို့
ဒီမှာကျန်ခဲ့မယ့် အိမ်နဲ့ ကော်ဖီဆိုင်အတွက်ကိုတော့ စိတ်မပူနဲ့ ယုံကြည်ရတဲ့ ငါ့အလုပ်သမားတွေရော Simonကိုရော အပ်ခဲ့မှာ..
အဲ့တာကြောင့် ငါတို့ မြန်မြန် ပြောင်းရွှေ့ကြရအောင်..""မဖြစ်ဘူး ကိုယ်မင်းကို တကယ်စိတ်ပူတယ် အချစ်ရယ်....မင်း အဲ့မှာရခဲ့တဲ့ စိတ်ဒဏ်ရာတွေက နည်းခဲ့တာမှမဟုတ်တာ မစွန့်စားပါနဲ့..
ဒီမှာပဲနေပါနော်....""အတိတ်ကဖြစ်ခဲ့တာတွေကို ငါ့အနေနဲ့ ဖြတ်ကျော်နိုင်သင့်ပြီလို့ တွေးမိလို့ ဟိုမှာအခြေချဖို့ကို ငါ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာ...
မင်းလည်း ငါ့အနားမှာခုရှိနေပြီမို့ ဖြစ်လာမယ့် ပြဿနာအကျိုးဆက်အားလုံး ငါကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်တယ် ငါ့ကို မတားပါနဲ့တော့....""ဟုတ်ပါပြီ စိတ်အားထက်သန်လွန်းနေတဲ့ မင်းကို ကိုယ်မတားရက်တော့ပါဘူး...
ဒါပေမယ့် တစ်ခုတော့ ကိုယ့်ကို ကတိပေးပါ...
ဟိုမှာနေရတာလုံးဝ အဆင်မပြေတော့ဘူးဆို အမှန်တိုင်း ဖွင့်ဟပြောပြပြီး ဒီကိုပြန်လာရမယ်နော် အချစ်...""အင်းပါ ငါ ကတိပေးပါတယ်...."
"အွန်း အိပ်တော့ ညဉ့်နက်နေပြီ..."
ကုတင်ပေါ် လှဲချရင်းမှ သူ့ရင်ခွင်ထဲ ချက်ချင်း ဝင်လာတဲ့ ရှဉ့်ပေါက်စကို ကျောပုတ်ပေးရင်းမှ ချော့သိပ်တော့ မျက်လုံးက တဖြည်းဖြည်း မှေးဆင်းလာသည်။